မြန်မာပြည်ရောက် KIA OPTIMA 2017


ကားအမျိုးအစားမှာတောင်ကိုရီးယားနိုင်ငံထုတ် KIA Motor ၏ လေးဆက်မြောက်မျိုးဆက်ဖြစ်သည့်  ၂၀၁၇ မိုဒယ် The All-new Optima ဆီဒန်ကားဖြစ်ပါသည်။

ယင်းကားသည်အသစ်ဖန်တီးထားသည့်ဒီဇိုင်းပိုကောင်းသည့်စွမ်းဆောင်ရည်များနှင့်အတူနိုင်ငံတကာကားပြပွဲ များတွင်ဆုတံဆိပ်များစွာရရှိသည့်ကားတစ်စီးလည်းဖြစ်ပါသည်။

ကားဘော်ဒီဒီဇိုင်းတည်ဆောက်ပုံမှာ အရင်မိုဒယ်ဟောင်းထက်ပိုရှည်လျားကျယ်ပြန့်လာသကဲ့သို့ လေခွင်းအားလည်းပိုကောင်းလာပါသည်။

ကား၏ရှေ့ပိုင်းတွင် KIA နာမည်ကျော် Signature တစ်ခုဖြစ်သည့် Tiger Nose Grille ရှဲလ်ကိုဒီဇိုင်းပြောင်းပေးထားပါသည်။

ရှေ့မီးသီးများကိုလည်း Dual Protection Headlamps နှင့် LED Shine Bright Design ကိုပြောင်းလဲပေးထားပါသည်။

ကိုယ်ထည်အရောင်အနေနှင့် Snow White Pearl, Aurora Black Pearl, Satin Metal, Platinum Graphite စသောအရောင်များကိုရရှိနိုင်မည်ဖြစ်ပါသည်။

အတွင်းခန်းကိုကျယ်ကျယ်ဝန်းဝန်းနှင့် သက်သောင့်သက်သာဇိမ်ကျမှုရှိအောင်ဖန်တီးထားပြီး အတွင်းခန်းကို လည်းပြင်ပဆူညံသံများမဝင်နိုင်အောင်ပြုလုပ်ထားပါသည်။

Panoramic Sunroof လည်းပါဝင်ပြီးအသံစနစ်နှင့် Harman/Kardon Premium sound စနစ်ကိုအသုံးပြုထားသည့်အပြင် စပီကာ ၁၀ လုံးပါဝင်ပါသည်။

ယင်းကားတွင် Feature သစ်များအနေဖြင့် Wireless Charger နှင့် Blind Spot Detection စနစ်များပါဝင်လာပါသည်။

The All-new Optima တွင်ဆလင်ဒါလေးလုံးထိုး Nu2.0LMPI ဓာတ်ဆီအင်ဂျင်နှင့် Thita 2.4LMPI ဓာတ်ဆီအင်ဂျင်နှစ်မျိုးကိုရရှိနိုင်ပါသည်။

ပျမ်းမျှဆီစားနှုန်းအနေဖြင့်တစ်ဂါလန်ကိုမြို့တွင်း ၂၂ မိုင်နှင့်မြို့ပြင် ၃၃ မိုင်နှုန်းမောင်းနှင်နိုင်မည်ဖြစ်ပါသည်။

Auto ရော Manual ပါအသုံးပြုနိုင်သည့် 6Speed Auto ဂီယာတပ်ဆင်ထားပြီး paddle Shift Gear ပါဝင်သောကြောင့် Sport Type ဆန်ဆန်မောင်းနှင်ချင်သည့်သူများအတွက်အဆင်ပြေစေမည်ဖြစ်ပါသည်။

လုံခြုံရေးစနစ်များအနေဖြင့် ABS စနစ်၊ Vehicle Stability Management၊ Electronic Control ၊Hill Start Assists၊ Tire Pressure Monitoring နှင့်အသက်ကယ်လေအိတ်အပြည့်အစုံကိုထည့်သွင်းတပ်ဆင်ပေးထားပါသည်။

၂၀၁၇ မိုဒယ် The All-new Optima ၏ဈေးနှုန်းမှာအမေရိကန်ဒေါ်လာ ၄၈၅၀၀ ဝန်းကျင်ဖြစ်ပြီး ဝန်ဆောင်မှုအနေဖြင့် ငါးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံပေးထားပါသည်။

 

Read 1116 times