KIA Myanmar မှ Hottest Deal Of The Year Promotion အစီအစဉ်ဖြင့် KIA ကားများ ပြသရောင်းချမည်


KIA Myanmar မှ Hottest Deal of the Year Promotion အစီအစဉ်ဖြင့် KIA ကားများကို ပြသ ရောင်းချပေးမည်ဖြစ်ကြောင်း သိရပါတယ်။

ကားအပြင်ပိုင်းနှင့် အတွင်းပိုင်းအား ထိပ်တန်းအရည်အသွေးများဖြင့် ဖွဲ့စည်းထားသော KIA ကားသစ်များကို ဒီဇင်ဘာ ၂၂ ရက် မှ ၂၅ ရက်အထိ ကမ္ဘာအေးလမ်းမပေါ်ရှိ KIA Showroom တွင် Hottest Deal of the Year Promotion အစီအစဉ်ဖြင့် ရောင်းချပေးမည်ဖြစ်ပါတယ်။

KIA ကားများသည် Dynamic Design ဖြင့် ထုတ်လုပ်ထားပြီး IF Design Award များရရှိထားခြင်း ၊ အရည်အသွေးပိုင်းတွင် အမြင့်ဆုံး Function များ အသုံးပြု ထားပြီး မည်သည့်လမ်းအခြေအနေ မျိုးတွင်မဆို သက်သောင့်သက်သာ မောင်းနှင်နိုင်ခြင်း ၊ Top Safety Pick Award ရရှိထားသည့်အတွက် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့လျှင်လည်း ဘေးကင်းလုံခြုံမှု အပြည့်အဝ ပေးနိုင်ခြင်း ၊ နောက်ဆုံးပေါ် Luxury Option များကိုသာ အသုံးပြုထား ခြင်း စသည့် အားသာချက်များ ရှိမှာ ဖြစ်ပါတယ်။

““ KIA ကားသစ်တွေကို Promotion အစီအစဉ်နဲ့ ဝယ်ယူ မယ်ဆိုရင် ၁၀ ရာခိုင်နှုန်း Down Payment ၊ ၁၀ ရာခိုင်နှုန်း DisCount ၊ ခုနစ်နှစ်အထိ အရစ်ကျ စနစ်နဲ့ဝယ်ယူနိုင်တဲ့အပြင် ရန်ကုန် လိုင်စင်အခမဲ့ ၊ 7 Years Warranty နဲ့ အဖိုးတန် ဗလာမပါကံစမ်းမဲတွေ ရရှိမှာ ဖြစ်ပါတယ်၊ နောက်ပြီး Promotion ကာလအတွင်း လာရောက်ကြည့်ရှုတဲ့ Customer တွေ အတွက် အစားအသောက်တွေကို လည်း စီစဉ်ထားပါတယ်”ဟု KIA Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

KIA ကားများကို Promotion ကာလအတွင်း ဝယ်ယူမည်ဆိုပါက ရန်ကုန်၊ မန္တလေး၊ နေပြည်တော် တို့ရှိ KIA Showroom များတွင် ဝယ်ယူနိုင်မည်ဖြစ်ပြီး KIA Picanto ကို အမေရိကန်ဒေါ်လာ ၂၁,၅ဝဝ ၊ KIA Rio ကို အမေရိကန်ဒေါ်လာ ၂၅,၅ဝဝ ၊ KIA Carnival of အမေရိကန်ဒေါ်လာ ၈,၅ဝဝ ၊ KIA Carens ကို အမေရိကန် ဒေါ်လာ ၄၃,၅၀၀ ဈေးနှုန်းသတ်မှတ်ထားကာ Warranty ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သိန်း အာမခံရရှိ မည် ဖြစ်သည်။

အခြား KIA ကား အမျိုးအစားများဖြစ်သည့် KIA Sorento GT ကို အမေရိကန်ဒေါ်လာ ၆၆,၅ဝဝ ၊ KIA Sportage GT ကို အမေရိကန်ဒေါ်လာ ၅၅,ဝဝဝ ဈေးနှုန်းသတ်မှတ်ထားပြီး အာမခံ ခုနစ်နှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံပေးထားကြောင်း သိရပါတယ်။

Read 592 times