KIA Myanmar မှ ကားအမျိုးအစားခြောက်မျိုးကို Everyone Can Own အစီအစဉ်ဖြင့် ရောင်းချ


Everyone Can Own အစီ အစဉ်ဖြင့် ဧပြီလကုန်အထိ ရန်ကုန် ၊ မန္တလေး၊ နေပြည်တော်၊ ပြည်၊ ပြင်ဦးလွင်၊ မြိတ်မြို့များရှိ KIA Showroom များတွင် KIA ကား များဖြစ်သည့် Picanto ၊ Rio ၊ Carens ၊ Optima GT ၊ Sportage GT ၊ Sorento GT စသည့် ကားများကို အထူးအစီအစဉ် ရောင်းချပေးမည် ဖြစ်သည်။

KIA Picanto သည် 1.2 L 4-Speed Auto ဓာတ်ဆီအင်ဂျင်၊ ငါးယောက်စီးဖြစ်ပြီး Rio သည် 1.4L 4-Speed Auto ဓာတ်ဆီ အင်ဂျင်၊ ငါးယောက်စီးဖြစ်သည်။ Carens သည် 1.7L 7-Speed Auto ဒီဇယ်အင်ဂျင်၊ ခုနစ်ယောက် စီးဖြစ်ပြီး Optima သည် 2.4L 6-Speed Auto ဓာတ်ဆီအင်ဂျင်၊ ငါးယောက်စီး ဖြစ်သည်။ Sportage သည် 2.0L 6-Speed Auto ဒီဇယ်၊ ငါးယောက်စီးဖြစ်ပြီး Sorento သည် 2.2L 8-Speed Auto ဒီဇယ်အင်ဂျင်၊ ခုနစ်ယောက်စီး ဖြစ်သည်။

“KIA Myanmar ကနေ Everyone Can Own KIA Promotion နဲ့ ဧပြီလကုန်အထိ ကား တွေရောင်းချပေးရာမှာ Zero Percent Down Payment ၊ 2 Years Free Interest ၊ 7 Years Hire Purchase Plan ၊ ဝင်ငွေခွန် အပြီးအစီးနဲ့ ဝယ်ယူသူအမည်ပေါက်ရရှိမယ့် အခွင့်အရေးတွေကို ပေးသွားမှာ ဖြစ်ပါတယ်” ဟု KIA Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

KIA Myanmar မှ Everyone Can Own KIA Promotion အစီအစဉ်ဖြင့် Picanto ကို အမေရိကန်ဒေါ်လာ ၂၁,၅၀၀၊ Rio ကို အမေရိကန်ဒေါ်လာ ၂၅,၅၀၀၊ Carens ကို အမေရိကန်ဒေါ်လာ ၄၃,၅၀၀၊ Optima ကို အမေရိကန် ဒေါ်လာ ၅၂,၀၀၀၊ Sportage ကို အမေရိကန်ဒေါ်လာ ၅၅,၀၀၀ နှင့် Sorento ကို အမေရိကန်ဒေါ်လာ ၆၆,၅၀၀ တို့ဖြင့် ရောင်းချပေးမည် ဖြစ်သည်။

 

 

Read 984 times