KIA Myanmar မှ KIA ကားအမျိုးအစား ခြောက်မျိုးကို ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ အထူးလျှော့ဈေး


KIA Myanmar မှ KIA ကား အမျိုးအစား ခြောက်မျိုးကို ၅ ရာခိုင် နှုန်း မှ ၁၀ ရာခိုင်နှုန်းအထိ အထူးလျှော့ဈေးဖြင့် ရောင်းချပေးမည်ဖြစ် ကြောင်းသိရပါတယ်။

Chinese New Year Open House အစီအစဉ်ဖြင့် KIA ကား များဖြစ်သည့် Picanto ၊ Rio ၊ Carens ၊ Optima ၊ Sportage ၊ Sorento စသည့် ကားများကို ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ အထူးလျှော့ဈေးဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။ KIA Picanto သည် 1.2 L 4-Speed Auto ဓာတ်ဆီ အင်ဂျင်၊ ငါးယောက်စီးဖြစ်ပြီး Rio သည် 1.4L 4-Speed Auto ဓာတ်ဆီအင်ဂျင်၊ ငါးယောက်စီးဖြစ်ပါတယ်။ Carens သည် 1.7L 7-speed Auto ဒီဇယ်အင်ဂျင်၊ ခုနစ်ယောက်စီးဖြစ်ပြီး Optima သည် 2.4L 6-Speed Auto ဓာတ်ဆီအင်ဂျင်၊ ငါးယောက်စီး ဖြစ်ပါတယ်။ Sportage သည် 2.0L 6-Speed Auto ဒီဇယ်၊ ငါးယောက်စီးဖြစ်ပြီး Sorento သည် 2.2L 8-Speed Auto ဒီဇယ်အင်ဂျင်၊ ခုနစ်ယောက်စီးဖြစ်ပါတယ်။

“KIA Myanmar ကနေ ကားအမျိုးအစား ခြောက်မျိုးကို Chinese New Year Open House အစီအစဉ်နဲ့ ဖေဖော်ဝါရီ ၁၆ ရက်ကနေ ၁၉ ရက်အတွင်း ကားဝယ်မယ့်သူတွေကို ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ လျှော့ဈေးနဲ့ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပထမဆုံးဝယ်ယူမယ့် Customer ၁၈ ယောက်အတွက်လည်း အမေရိကန်ဒေါ်လာတစ်ရာတန် Service ကူပွန်ကို အမ်ပေါင်းအနေနဲ့ ပေးမှာ ဖြစ်ပါတယ်”ဟု KIA Myanmar မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

KIA Myanmar မှ Picanto ကို မူရင်းဈေး အမေရိကန်ဒေါ်လာ ၂၁,၅၀၀ မှ ၈ ရာခိုင်နှုန်းအထူး လျှော့ဈေးဖြင့် အမေရိကန်ဒေါ်လာ ၁၉,၇၈၀၊ Rio ကို မူရင်းဈေး အမေရိကန်ဒေါ်လာ ၂၅,၅၀၀ မှ ၈ ရာခိုင် နှုန်းအထူးလျှော့ဈေးဖြင့် အမေရိကန်ဒေါ်လာ ၂၃,၄၆၀၊ Carens ကို မူရင်းဈေး အမေရိကန်ဒေါ်လာ ၄၃,၅၀၀ မှ ၇ ရာခိုင်နှုန်းအထူးလျှော့ ဈေးဖြင့် အမေရိကန်ဒေါ်လာ ၄၀, ၄၅၅၊ Optima ကို မူရင်းဈေး အမေရိကန်ဒေါ်လာ ၅၂,၀၀၀ မှ ၅ ရာခိုင်နှုန်း အထူးလျှော့ဈေးဖြင့် အမေရိကန်ဒေါ်လာ ၄၉,၄၀၀၊ Sportage ကို မူရင်းဈေး အမေရိကန်ဒေါ်လာ ၅၅,၀၀၀ မှ ၁၀ ရာခိုင်နှုန်း အထူးလျှော့ဈေးဖြင့် အမေရိကန်ဒေါ်လာ ၄၉,၄၀၀ နှင့် Sorento ကို မူရင်းဈေး အမေရိကန်ဒေါ် လာ ၆၆,၅၀၀ မှ ၇ ရာခိုင်နှုန်း အထူးလျှော့ဈေးဖြစ်သည့် အမေရိကန်ဒေါ်လာ ၆၁,၈၄၅ ဖြင့် ရောင်း ချပေးမည် ဖြစ်ကြောင်းသိရပါတယ်။

Read 584 times