DC Comic ထဲမှသူရဲကောင်းCyborg စီးသည့်ကားဒီဇိုင်းအလှဆင်ထားသည့် KIA Forte 2013


ကားကိုယ်ထည်တွင် Cyborg မျက်လုံးတွင်ပါသည့် LED မီးပုံစံကိုကားရှေ့မီးကြီးတွင်

ထည့်သွင်းတပ်ဆင် ထားပြီး Hood တွင်လည်း Cyborg၏ ရင်ဘတ်မီးသီးအတိုင်း သပ်ရပ်စွာအလှဆင်ထားပါသည်။

ထို့နောက် Side Skirt နှစ်ခုကို Cyborg အတွက်သီးသန့်ထုတ်ထားသည့်ဒီဇိုင်းကိုတပ်ဆင်ထားပြီး LED မီးသီးများပါတပ်ဆင်ထားပါသည်။

ထို့ပြင်နောက် Wide Body Kit ကိုလည်း Custom အနေဖြင့်ပြည့်စုံစွာတပ်ဆင်အသုံးပြုထားပါသည်။

ယင်းကားတွင်တပ်ဆင်အသုံးပြုထားသည့် LED မီးများအားလုံးကိုအနီရောင်အသုံးပြုထားပြီး Intercooler နှင့်ကားဝမ်းအောက်တွင်ပါတပ်ဆင်ထားပါသည်။

အတွင်းခန်း Dashboard ၊ထိုင်ခုံနှင့်စတီယာရင်များကိုအနီရောင် Leather များအသုံးပြုထားပြီးနောက်ခန်းများတွင် Cyborg logo နှင့် ၂၇ လက်မ Lenovo LED TV နှင့် JL Audio Subwoofer လေးလုံးကိုတပ်ဆင်ထားပါသည်။

ထို့ပြင်ထိုင်ခုံများတွင် Headrest တီဗီများလည်းတပ်ဆင်ထားပါသည်။

ဘီးများမှာ ၁၈ လက်မအရွယ် Rotiform TMB အလွိုင်းများတပ်ဆင်အသုံးပြုထားပါသည်။

Read 1001 times