KIA Forte သို့မဟုတ် K3


ကားကိုယ်ထည်၏ ထူူးခြားချက်မှာ ကား၏ colour ကို Air Brush ပြုလုပ်ပြီး မိုးကြိုးပုံ အဝါရောင်နှင့် အလှဆင်ထားပါသည်။

ရှေ့ဘောနတ်ကိုဖော်ပြီး LED ပြားကပ်ထားသောကြောင့် မီးအလှနှင့် မိုးကြိုးဒီဇိုင်းကို ပိုပြီးပေါ်လွင်စေပါသည်။

ကားနောက်ဖုံးထဲတွင် စပီကာနှစ်လုံးနှင့် ကာတွန်းစာအုပ်၊ စတစ်ကာဒီဇိုင်းများနှင့် အလှဆင်ထားပါသည်။

ကားဘီးမှာ တာယာအလွိုင်းခွေကို အဝါရောင်မိုးကြိုးပုံစံဆေးမှုတ်ထားသည်ကိုတွေ့ရပါမည်။

အတွင်းခန်းကို အနီရောင် Full Leather နှင့် Flash Hero Theme စတိုင်လ်အလှဆင်ထားပါသည်။

အဝါရောင်မိုးကြိုးဒီဇိုင်းကို တံခါးတွင်မြုပ်ပြီး Forte ၏ မူလဒီဇိုင်းမပျောက်အောင်အလှဆင်ထားသည်ကို တွေ့ရပါသည်။

ကိုယ်ထည်မှာ Knight Version Body Kit၊ ကား၏ဝမ်းဗိုက်အောက်တွင် Neon Light မီး၊ အတွင်းခန်းမှာ ချုပ်တန်းတွေနှင့် ကားကို Sporty ဆန်ဆန်ပြောင်းလဲထားသောကြောင့် ကား၏ဒီဇိုင်းကို ဆန်းသစ်သွားစေပြီး Performance ကိုလည်းကောင်းမွန်သွားစေမည်ဖြစ်ပါသည်။

Read 2366 times