KI CERATO SI 2017


KIA ရဲ့ Sedan ကိုယ်ထည်ကားတွေထဲတွင် လူကြိုက်အများဆုံးကားတစ်စီးဖြစ်ပြီး ပြည်တွင်းဈေးကွက်တွင် လည်းလူကြိုက်များကြောင်းသိရသည်။

၂၀၁၇ မော်ဒယ်အတွက် အင်ဂျင်အရွယ်အစားကို ၂၀၀၀ စီစီ၊ ၁၆၀၀ စီစီ နှစ်မျိုးထုတ်လုပ်ပြီး စွမ်းဆောင်ရည်ပြည့်အင်ဂျင်များဖြင့်တပ်ဆင်ထုတ်လုပ်ထားကြောင်းသိရသည်။

မော်ဒယ်မြင့်ကားတစ်စီးဖြစ်သောကြောင့် နည်းပညာပိုင်းတွင် နောက်ဆုံးပေါ်နည်းပညာများကို တပ်ဆင်ထုတ်လုပ်ထားကြောင်းတွေ့ရသည်။

ယခင်ထုတ်လုပ်ထားသောကားများနှင့် မတူညီသည့် အချက်မှာ အဓိကဒီဇိုင်းဖြစ်ပါသည်။

ကားနောက်မီးခွက်နှင့် ရှေ့မီးခွက်ဒီဇိုင်းမှာ KIA ၏ ၂၀၁၅ ဒီဇိုင်းပုံစံသစ်ကို တပ်ဆင်ထုတ်လုပ်ထားသည်ကို တွေ့ရသည်။

နောက်ကြည့်မှန်တွင် တပ်ဆင်ထားသော အချက်ပြမီးမှာ LED မီးလုံးလေးများဖြင့် တပ်ဆင်ထုတ်လုပ်ထားကြောင်းသိရသည်။

နှင်းခွဲမီး (Fog Light) များကိုလည်း အလင်းအားကောင်းသော နှင်းခွဲမီးသီးအမျိုးအစားများကို တပ်ဆင်ထားသည်ကို တွေ့ရသည်။

ရှေ့စကတ်နှင့် Fog Light တပ်ဆင်ထားသောကြောင့် ကား၏ ဒီဇိုင်းကို ပိုမိုခန့်ညားစေပါသည်။

ရှေ့မီးခွက်ကိုလည်း LED Projector မီးကြီးကို တပ်ဆင်ပေးထားသည့် အပြင် Day Lightကိုလည်းလှပတဲ့ဒီဇိုင်းနဲ့ တပ်ဆင်ထုတ်လုပ်ပေးထားကြောင်းသိရသည်။

ကားအတွင်းခန်းတွင် အဲကွန်းပတ်လည်၊ အသံပိုင်းစပီကာခြောက်လုံး နှင့် စတီယာရင်ကွန်ထရိုးစုံစုံလင်လင်ပါဝင်မှုမှာ အဓိကအားသာချက်ပင်ဖြစ်သည်။

LCD Touch Screen, DVD player, Android Car Play အစရှိသော နည်းပညာမြင့် ပစ္စည်းများတပ်ဆင်ထားသော Dashboard မှာလည်း KIA Cerato Si ၏ အားသာချက်ပင်ဖြစ်သည်။

နည်းပညာပိုင်းတွင် Blind Spot ဆင်ဆာကို ပိုကောင်းပြီး အာရုံခံမှုတွင် အချက်ပြပိုင်းအားသားသော Blind Spot စနစ်ကို တပ်ဆင်ပေးထားကြောင်းသိရသည်။

ရှေ့နောက်ဆင်ဆာမှာလည်း အာရုံစနစ်ပိုင်းတွင် အသားပေးထုတ်လုပ်ထားပြီး အချက်ပြစနစ်ကိုလည်း ပိုပြီးတိကျသောအချက်ပြစနစ်ဖြင့် ထုတ်လုပ်ထားကြောင်းတွေ့ရသည်။

အသက်ကယ်လုံခြုံရေးလေအိတ်ကို ပတ်လည်လေအိတ်စတစ်တပ်ဆင်ပေးထားပြီး အရေးပေါ်ထိခိုက်မိချိန်တွင် မှန်ကွဲစ လွင့််စင်မှုမှ အစကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

နောက်ဖုံးတံခါးအဖွင့်အပိတ်စနစ်ကိုလည်း ပါဝါ Door Open စနစ်ကို တပ်ဆင်ပေးထားကြောင်းတွေ့ရသည်။

အင်ဂျင်ကို အော်တိုဂီယာခုနှစ်ချက်၊ Double Clutch တပ်ဆင်ပေးထားလို့ ပေါ့ပါးပြီး စွမ်းအောင်ရည်ပြည့်ဝသောအင်ဂျင်ကို တပ်ဆင်ပေးထားသည်ဟု သိရသည်။

အော်တိုဂီယာကို Sport ဂီယာအမျိုးအစားအဖြစ် ထုတ်လုပ်ထားသော စတီယာရင် Shifter တပ်ဆင်ပေးထားကြောင်းသိရသည်။

Auto CruiseControl စနစ်ကြောင့် ကားမောင်းနှင်မှုစနစ်ပိုင်းမှာ အားသာချက်ကောင်းများရနိုင်မည်ဖြစ်သည်။

ထိန်းချုပ်မှုပိုင်းတိကျသော Flex Steering တောင့်တင်းခိုင်မာသော ကားအောက်ပိုင်းဆိုင်းထိန်းစနစ်၊ တုံ့ပြန်မှုမြန်သော ဘရိတ်စနစ်မှာ ကားတစ်စီး၏ လုံခြုံမှုအပိုင်း စွမ်းဆောင်ရည်တွေ ဖြစ်ကြောင်းတွေ့ရသည်။

တောင်တက်တောင်ဆင်းလမ်းများနှင့် အကွေ့အကောက်များသာလမ်းများတွင် မောင်းနှင်မှုပိုင်းအတွက် ESC စနစ်၊ HAC စနစ်တွေကို တပ်ဆင်ထုတ်လုပ်ကြောင်းသိရသည်။

အဘက်ဘက်ပြည့်စုံသာ ထုတ်လုပ်မှုပိုင်းနှင့် အတူ 2017 KIA Cerato Si ကို ၂၀၁၆ နိုဝင်ဘာလတွင် စတင်မိတ်ဆက်ပေးခဲ့ပြီး ၂၀၁၇ ဆန်းပိုင်းစတင်ရောင်းချသွားမည်ဖြစ်သည်။

ပြည်တွင်းဈေးကွက်တွင် လူကြိုက်များသောကားတစ်စီးဖြစ်ပြီး ဈေးနှုန်းသင့်တင့်သော ကားတစ်စီးအဖြစ် ဈေးကွက် ဝင်ရောင်းချနေပါသည်။

ထိုကားဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ တစ်သောင်းရှစ်ထောင့်ရှစ်ရာရှိမည်ဖြစ်ပြီး ၃ နှစ်အရစ်ကျပေးသွင်းနိုင်ကြောင်းသိရသည်။

အရစ်ကျပေးသွင်းရာတွင် ပထမဦးစွာ ၃၀ ရာခိုင်နှုန်းကို အရင်ပေးချေရမည်ဖြစ်ပြီး ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်ဆက်သွယ်ပေးထားကြောင်းသိရသည်။

အရစ်ကျပေးသွင်းရာတွင် ပထမဆုံးပေးသွင်းသည့် တစ်နှစ်ကို အတိုးမဲ့ ပြုလုပ်ပေးမည်ဖြစ်ပြီး ၅ နှစ်ကို ကီလိုတသိန်းဖြင့် အာမခံကြောင်းသိရသည်။

Read 1471 times