KG Mobility (SsangYong) အီးဗီထုတ်လုပ်ရန် BYD နှင့် ပူးပေါင်း


KG Mobility (SsangYong) အီးဗီထုတ်လုပ်ရန် BYD နှင့် ပူးပေါင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


တောင်ကိုရီးယားမှ KG Mobility ၏ အီးဗီများနှင့် ဟိုက်ဘရစ်ကားများတွင် BYD နည်းပညာနှင့် ဘက်ထရီထုပ်တို့ကို သုံးစွဲမည် ဖြစ်သည်။

ယခင်က SsangYong အမည်ဖြင့် လုပ်ကိုင်ခဲ့ပြီး ပိုင်ရှင်အသစ် လက်ထက်တွင် အမည်အသစ်ပြောင်းလိုက်သည့်  KG Mobility သည် တောင်ကိုရီးယားဈေးကွက်အတွက် Torres EVX ကို ထုတ်လုပ်ခဲ့ပြီးနောက် ဆက်လက်ထုတ်လုပ်မည့် အီးဗီများနှင့် ဟိုက်ဘရစ်ကားများကို  BYD နှင့် ပူးတွဲထုတ်လုပ်ရန် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။
 
Torres EVX သည် လျှပ်စစ် SUV ဖြစ်ပြီး BYD မှ ထုတ်လုပ်သည့်  လစ်သီယမ်သံဖော့စဖိတ် lithium iron phosphate (LFP) ဘက်ထရီထုပ်များကို အသုံးပြုထားသည်။

သဘောတူညီချက်အသစ်အရ  Torres EVX အတွက် ဘက်ထရီထုပ်များကို တောင်ကိုရီးယားတွင် ထုတ်လုပ်မည်ဖြစ်ကြောင်း KG Mobility မှ ပြောကြားသည်။


နောက်မျိုးဆက်သစ် ဟိုက်ဘရစ်စနစ်တစ်ခုကို KG Mobility သည် BYD နှင့်အတူ ဖွံ့ဖြိုးထုတ်လုပ်မည် ဖြစ်သည်။ ၎င်းဟိုက်ဘရစ်ကို ၂၀၂၅ ခုနှစ်တွင် ထုတ်လုပ်ရန် ရည်မှန်းထားသည်။

ထို့ပြင် ပလပ်ထိုးအားသွင်း ဟိုက်ဘရစ် လျှပ်စစ်ကား plug-in hybrid electric vehicle  (PHEV) ကိုလည်း အတူပူးပေါင်းပြီး ဖွံ့ဖြိုးထုတ်လုပ်မည် ဖြစ်သည်။

 


Source carexpert
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 477 times