ဒေဝါလီခံခဲ့သော ကိုရီးယားကားလုပ်ငန်း  ဒေါ်လာ ၃၀,၀၀၀ လျှပ်စစ် SUV ဖြင့် ပြန်လည်အသက်ဝင်


ဒေဝါလီခံခဲ့သော ကိုရီးယားကားလုပ်ငန်း  ဒေါ်လာ ၃၀,၀၀၀ လျှပ်စစ် SUV ဖြင့် ပြန်လည်အသက်ဝင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ယခင်က ကုမ္ပဏီ ဒေဝါလီမခံခင်မှာ Ssangyong Motor Co. အမည် ဖြင့် လုပ်ကိုင်ခဲ့ပြီး ယခုအခါ အမည်အသစ် KG Mobility Co. ဖြင့် ပြန်လည်အသက်ဝင်လာသော တောင်ကိုရီးယား ကားထုတ်လုပ်ရေးလုပ်ငန်းက ကန်ဒေါ်လာ ၃ သောင်းတန် လျှပ်စစ် SUV မော်ဒယ်ကို ပွဲထုတ်လိုက်ပါတယ်။ 
KG Mobility က Seoul Mobility Show  ကားပြပွဲမှာ Torres EVX အပါအဝင် မော်ဒယ်အသစ် ၄ မျိုး ပြသပါတယ်။
Torres EVX က ပထမဆုံး ထုတ်လုပ်တဲ့ လျှပ်စစ်ကားမော်ဒယ် ဖြစ်ပြီး ၂၀၂၂ စက်တင်ဘာလမှာ ကုမ္ပဏီစုကြီး KG Group က Ssangyong Motor မှာ ရှယ်ယာအများစုကို ဝယ်ယူခဲ့စဉ်ကတည်းက ထုတ်လုပ်တဲ့ အီးဗီမော်ဒယ် ဖြစ်ပါတယ်။

Advertisement

Click Here > T & D Power Tech

Torres လျှပ်စစ် SUV မော်ဒယ်မှာ BYD Co. ရဲ့ ဘက်ထရီ သုံးထားပါတယ်။ ခရီးတာ ကီလိုမီတာ ၅၀၀ (မိုင် ၃၁၀) အထိ သွားနိုင်ပါတယ်။

ယခုနှစ် ဒုတိယနှစ်ဝက်မှာ တောင်ကိုရီးယားနှင့် ဥရောပတို့မှာ စတင်ရောင်းချမှာ ဖြစ်ပြီး ဈေးနှုန်း ဝမ် သန်း ၄၀ ($30,700) ဝန်းကျင် သတ်မှတ်ထားပါတယ်။
“ပြန်လည်ဖွဲ့စည်းမှုတစ်ခုလုံးအတွက် လုပ်ငန်းစဉ်အားလုံးကို အောင်မြင်စွာပြီးမြောက်ခဲ့ပြီး အခုအချိန်မှာ အဓိကရှယ်ယာရှင်အသစ် တစ်ယောက် ရှိနေပါပြီ။ ဘယ်တော့မှ ကုမ္ပဏီပြိုလဲမှာမဟုတ်ဘူးလို့ ကျွန်တော်တို့ အာမခံပါတယ်" လို့ အမှုဆောင်အရာရှိချုပ် Jeong Yong Won က ပြောကြားပါတယ်။ 
Source Bloomberg 
 

Read 704 times