ကမ္ဘောဇဘဏ်လီမိတက်၏ အရစ်ကျငွေပေးချေဝယ်ယူခြင်း


ကမ္ဘောဇဘဏ်လီမိတက်၏ အရစ်ကျစနစ်ဖြင့် ပစ္စည်းဝယ်ယူနိုင်သည့်ဝန်ဆောင်မှုအား တစ်ဦး တစ်ယောက်ခြင်းသော်လည်းကောင်း၊ ကုမ္ပဏီ (သို့) အဖွဲ့အစည်းများအနေဖြင့် ပစ္စည်းတန်ဖိုး၏ (၃၀%) သို့ (၅၀%) ကိုသာ လက်ငင်းပေးသွင်းရုံဖြင့် ပစ္စည်းလက်ဝယ်ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးဖြစ်ပြီး ကျန်ငွေ အား ၀ယ်ယူသည့်ကုန်ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ဘဏ်သို့သတ်မှတ်ထားသည့်အချိန်ကာလ အတွင်း ပြန်လည်ငွေပေးသွင်းရသည့် ၀န်ဆောင်မှုဖြစ်ပါသည်။

မော်တော်ကားများကို  အရစ်ကျငွေပေးချေဝယ်ယူနိုင်ပါသည်။

 

အရစ်ကျစနစ်ဖြင့် ၀ယ်ယူရန်အတွက် လိုအပ်ချက်များ

 

(၁) ဝယ်ယူသည့် ပစ္စည်းပြေစာ (သို့) လက်ခံဖြတ်ပိုင်း

(၂) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ (မူရင်းပြသရန်လိုအပ်ပါသည်)

(၃) အိမ်ထောင်စုစာရင်းမိတ္တူ (မူရင်းပြသရန်လိုအပ်ပါသည်)

(၄) ရပ်ကွက်ထောက်ခံစာ

(၅) အလုံးစုံအာမခံ 


(၆) အရောင်းအဝယ်စာချုပ်၊ Owner Book အစရှိသည့်
     စာရွက်စာတမ်းများ (ဘဏ်သို့ ငွေအကျေပေးသွင်းပြီးပါက
     စာရွက်စာတမ်းများအားလုံးပြန်လည်ပေးအပ်ပါမည်။)

 

 

Read 498 times