Kawasaki သမိုင်းမှ တစ်မူထူးခဲ့သည့် မော်တော်ဆိုင်ကယ်များ


Kawasaki သမိုင်းမှ တစ်မူထူးခဲ့သည့် မော်တော်ဆိုင်ကယ်များ

Kawsaki ကို ၁၈၇၈ မှာ စတင်ခဲ့ပြီး မော်တော်ဆိုင်ကယ် မထုတ်လုပ်ပါဘူး။

သင်္ဘော၊ လေယာဉ်ပျံတို့ ထုတ်လုပ်ပါတယ်။ ၁၉၀၆ မှာ Kawasaki က ပထမဆုံးရေငုပ်သင်္ဘော တည်ဆောက်ပြီးစီးခဲ့ပါတယ်။ ယခုအထိလည်း ရေငုပ်သင်္ဘော ဆက်လက် ထုတ်လုပ်လျက် ရှိပါတယ်။

 

၁၉၂၂ မှာ ပထမဆုံးလေယာဉ်ပျံကို တည်ဆောက်ပြီးစီးခဲ့ပြီး လေယာဉ်ပျံ မော်ဒယ်အမျိုးမျိုး ထုတ်လုပ်လျက် ရှိပါတယ်။

 

Kawsaki က မော်တော်ဆိုင်ကယ်ကို ၁၉၆၂ မှာ စကိုင်ခဲ့ပါတယ်။ အဦးဆုံး ထုတ်လုပ်တဲ့ ဆိုင်ကယ်က Kawasaki B8 ဖြစ်ပါတယ်။ အင်ဂျင် 125cc ဖြစ်ပြီး အမြန်ဆုံး တစ်နာရီ ၆၂ မိုင် ပြေးပါတယ်။

 B8 ထုတ်လုပ်ပြီးသည့်နောက်မှာ 250cc model ကို ‘Samurai’ အမည်ဖြင့် ထုတ်လုပ်ပြီး အမေရိကန်ဈေးကွက်ကို တင်ပို့ ရောင်းချခဲ့ပါတယ်။

၁၉၆၆ မှာ BSA A10 မော်တော်ဆိုင်ကယ်ကို အခြေတည်ပြီး ဒီဇိုင်းထုတ်ထားတဲ့ 650W1 ကို ထုတ်လုပ်ပါတယ်။ အဲဒီအချိန်အခါက ဂျပန်မှာ အကြီးဆုံး မော်တော်ဆိုင်ကယ်လို့ မှတ်တမ်းဝင်ပါတယ်။

၁၉၆၉ မှာ Kawasaki က H1 (Mach III) ကို 500cc ဖြင့် ထုတ်လုပ်ပါတယ်။
အဲဒီနောက်မှာ ပြိုင်ပွဲဝင် မော်တော်ဆိုင်ကယ် H2R 750 ကို ထုတ်လုပ်ပါတယ်။ မကြာမတင်မှာပဲ 900cc Z1 ကို ထုတ်လုပ်ပါတယ်။ ထို့နောက် Z1000 ကို ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ်လွန်ကာလမှာ အကောင်းဆုံး မော်တော်ဆိုင်ကယ် အဖြစ် ချီးကျူးခံရပါတယ်။
၁၉၈၃ မှာ ပထမဆုံး Ninja မော်ဒယ်ကို ထုတ်လုပ်ခဲ့ပါတယ်။
Z series နဲ့ Ninja series နှစ်မျိုးကို ဆက်လက် ထုတ်လုပ်ခဲ့ပါတယ်။

၁၉၇၁ ခုနှစ်မှာ Kawsaki H2R နှင့် H2 ထုတ်လုပ်ခဲ့ပါတယ်။ ပြိုင်ပွဲတွေအတွက် အဆင်ပြေတယ်။ H2R ကို အနိုင်ရဖို့ မလွယ်ဘူး။ ဒါပေမဲ့ အိမ်စီးအနေဖြင့် စီးတဲ့သူအဖို့  သန်မာထွားကြိုင်းတဲ့ မြင်းရိုင်းတစ်ကောင်ကို ခွစီးထားရသလို ဖြစ်နေတယ်။ ထိန်းမနိုင်ကြဘူး။ အဲဒါကြောင့် အသက်ဆုံးရှုံးရတာတွေ ရှိနေလို့  "မုဆိုးမ ဖန်ဆင်းရှင်" လို့ အမည်တွင်တယ်။
Kawsaki က မော်တော်ဆိုက်ကယ်ကို အရှိန်တင်နိုင်ဖို့ကို ဦးတည်ချက်ထားပြီး ထုတ်လုပ်ခဲ့ပါတယ်။ ထိန်းကျောင်းရန် လွယ်ကူဖို့၊ ဆီစားသက်သာဖို့တို့ကို ဒုတိယနေရာမှာ ထားပါတယ်။


၁၉၇၃ မှာ ထုတ်လုပ်တဲ့ Kawasaki Z1000 က Z series ရဲ့ အဦးဆုံးမော်ဒယ် ဖြစ်ပါတယ်။ fast superbike အတန်းအစားကို Kawasaki အနေဖြင့် ပထမဆုံးအကြိမ် ကြီးစိုးထားနိုင်စေခဲ့တဲ့ မော်ဒယ် ဖြစ်ပါတယ်။
 
ယခုလက်ရှိမှာ Kawasaki ရဲ့ မော်ဒယ်တွေက 
Ninja H2R  ၊ Vulcan S ၊ KX450 ၊ Ninja 650 တို့ဖြစ်ပါတယ်။ 

Ninja H2R နဲ့ Ninja 650 တို့က   Kawasaki ရဲ့ Ninja series မှ မော်ဒယ်ဖြစ်ပါတယ်။ 

Vulcan S က Kawasaki ရဲ့ ABS စတိုင်ဖမ်းထားတဲ့ မြို့တွင်းစီး ဆိုင်ကယ်အဖြစ် ထုတ်လုပ်ပါတယ်။ လူသစ်တန်းနဲ့ အမျိုးသမီးများ စီးနိုင်ဖို့ ရည်ရွယ်ပါတယ်။

KX450 က အမြန်စီးဖို့ထက်  မြက်ခင်းပြင်၊ ရွှံ့လမ်း၊ တောလမ်း စတာတွေမှာ ဖြည်းဖြည်းမှန်မှန် စီးဖို့ ဒီဇိုင်းထုတ်ထားပါတယ်။  

Ninja 650

 

 

 

 

KX450

 

အိန္ဒိယဈေးကွက်မှ Kawasaki ရောင်းဈေးနှုန်းများ (ရူပီ)

 

 

 

 

Read 982 times