ကညနခရိုင်ရုံး (ရန်ကုန်အရှေ့ပိုင်း)၏ ယာဉ်စစ်ဆေးခြင်း ပြန်လည်လုပ်ဆောင်တော့မည်


ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး (ရန်ကုန်အရှေ့ပိုင်း) ရုံးဝန်းအတွင်း

မြေဖို့၊ မြေညှိခြင်း၊ အပေါ်လွှာ ဂဝံမြေခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ပြီး မိုးရွာသွန်းမှုကြောင့် မော်တော်ယာဉ်များဝင်ရောက်ပါက ဗွက်နစ်ခြင်း၊ ဘီးချော်ခြင်းများဖြစ်ပေါ်၍ လုပ်ငန်းလာရောက်ဆောင်ရွက်သူပြည်သူများ အခက်အခဲကြုံနိုင်သောကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၈ ရက်မှစ၍ သက်တမ်းတိုးယာဉ်စစ်ဆေးခြင်းလုပ်ငန်းကို တိုင်းဒေသေကြီးရုံးခွဲ (ရွာသာကြီး) သို့ ဦးစွာသွားရောက် ယာဉ်စစ်ဆေးရပြီး သက်တမ်းတိုးမှတ်ပုံတွင်လုပ်ငန်းများကိုသာ ခရိုင်ရုံး (ရန်ကုန်အရှေ့ပိုင်း)တွင် လက်ခံဆောင်ရွက် လျက်ရှိသည်။

ယခုအခါ ရုံးဝန်းအတွင်း မြေဖို့၊ မြေညှိခြင်း၊ အပေါ်လွှာဂဝံမြေခြင်းခြင်းလုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပြီဖြစ်ပါ သဖြင့် ယာဉ်စစ်ဆေးရန်ရွာသာကြီးရုံးသို့ ဦးစွာသွားရောက်ရန်မလိုအပ်တော့ဘဲ မော်တော်ယာဉ်စစ်ဆေးခြင်းနှင့် မော်တော် ယာဉ်မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၄ ရက်မှစတင်ပြီး ခရိုင်ရုံး (ရန်ကုန်အရှေ့ပိုင်း) တွင်သာ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း လေးစားစွာအသိပေးကြေညာအပ်ပါသည်။

Read 4316 times