ယာဉ်သက်သေခံကတ်ပြားနှင့် ကမ-၃ စာအုပ်ပြသနိုင်မှသာ ဘီးခွန်ပြုလုပ်ပေးမည်


ဇန်နဝါရီ ၁ ရက်နေ့မှစ၍ ဘီးခွန်ပေးဆောင်ခြင်းကို ကညန သက်တမ်းအတိုင်းပြောင်းလဲလိုက်သောကြောင့် ဘီးခွန်သက်တမ်းပြုလုပ်ချိန်တွင် ယာဉ်သက်သေခံကတ်ပြား(အဝိုင်း)နှင့် ကမ-၃ စာအုပ်တို့ပြသနိုင်မှသာ ဘီးခွန်ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဘီးခွန်သက်တမ်းတိုးရာတွင် ဘီးခွန်နှုန်းထားများမှာ ယခင်နှစ်အတိုင်းပြောင်းလဲခြင်း ရှိမည်မဟုတ်ကြောင်း သိရသည်။

ယခင်က ဘီးခွန်သက်တမ်းတိုးခြင်းကို ဘတ်ဂျတ်နှစ်အတိုင်းဧပြီးလမှ စတင်ခဲ့သော်လည်း ယခု ၂၀၁၇ ခုနှစ်မှစ၍ ဘီးခွန်ပြုလုပ်ခြင်းကို ကညန သက်တမ်းအတိုင်း စတင်ပြုလုပ်စေခဲ့ကြောင်းသိရသည်။

ဘီးခွန်ပြုလုပ်ရာတွင် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ဒီဇင်ဘာလကုန်အထိမော်တော်ယာဉ်အစီးရေ လေးသောင်းကျော်နှင့်ဆိုင်ကယ်အစီးရေ လေးသောင်းကျော်အတွက် ဘီးခွန် ကျပ်သိန်းနှစ်ထောင်နီးပါး ကောက်ခံရရှိခဲ့ပြီး လျာထားဘတ်ဂျက်၏ ၈၇ ရာခိုင်နှုန်းရရှိပြီးဖြစ်ကြောင်းသိရသည်။

၆(ဂ) အက္ခရာအထက် နှစ်နှစ်သက်တမ်း မော်တော်ယာဉ်အစီးရေ ၁၂,၀၀၀ ကျော်မှ ဘီးခွန်ကျပ်သိန်းငါးရာနီးပါး ကောက်ခံရရှိပြီး လျာထားဘတ်ဂျတ်၏ ၂၁ ရာခိုင်နှုန်းကျော်ကောက်ခံရရှိခဲ့ကြောင်းသိရသည်။

ယခုနှစ်အတွက် ဘီးခွန်ကောက်ခံခြင်းကို ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(ကညန) ဝင်ပေါက်ရှိ ဘီးခွန်ဌာန၊ ကညန မြောက်ပိုင်းခရိုင်ရုံး၊ ကညန တောင်ပို်င်းခရိုင်ရုံးနှင့် ကညန စွယ်တော်ရုံးတို့တွင် ကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

Read 3848 times