၂၀၁၅ခုနစ်၌ထုတ်ပြန်လိုက်သည့်မော်တော်ယာဉ်ဥပဒေအရကညနမှမော်တော်ယာဉ်တင်သွင်းခွင့်ယာဉ်မှတ်ပုံတင်ခွင့်၊ မော်တော် ယာဉ်အပ်နှံခွင့် အားလုံးကို ပြုလုပ်ဆောင်ရွက်ရမည်ဟုပါဝင်နေသည်။
ထို့အတွက်မြန်မာနိုင်ငံ၏ မော်တော်ယာဉ်နှင့်သက်ဆိုင်သည့်ကဏ္ဍ၊ အားလုံးကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အများသိ ကညနမှ ဆောင်ရွက်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။
သည်အချိန်တွင် ၊ လက်ရှိမော်တော်ယာဉ် တင်သွင်းခွင့် ထုတ်လုပ်ခွင့်ရ၊ အခြားမော်တော်ယာဉ်နှင့် သက်ဆိုင်သည့်ဌာနတို့မှဝေဖန်ပြောဆိုမှုများရှိခဲ့သလို ၊ စီးပွားရေးလုပ်ငန်းရှင် အချို့မှလည်း ဝေဖန်ခဲ့ကြသည်။ ယင်းမှာ ကညနက မော်တော်ယာဉ် မှတ်ပုံတင်ဌာနဖြစ်သည့်အတွက် ယာဉ်မှတ် ပုံတင်ခြင်းကိုပဲလုပ်ရမယ်။ဟိုဟာမလုပ်ရဘူး၊ ဒီဟာမလုပ်ရဘူးဆိုသည့်စကားရပ်များပင်ဖြစ်သည်။
နိုင်ငံတကာစံပေတံများ၊ ပြည်တွင်းထုတ် ၊ 6ပတ်များနှင့် အမျိုးမျိုးတိုင်းတာခဲ့ကြသည်။ သချာသည်က ဥပကထွက်ပြီးသွားပြီးဖြစ်သဖြင့်မြင်ချင်လျှင်လွှတ်တော်တွင်းရောက်မှသာ တတ်နိုင်လိမ့်မည်ဖြစ်သည်။ ယခုမော်တော်ယာဉ်ဥပဒေထွက်ပေါ်လာမှတင်သွင်းခွင့်ဆိုင်ရာကိုကညနကကိုင်တွယ်လာနိုင်သည့်အချိန်ရောက်မှသာဆူညံသော အသံများ ထွက်လာခဲ့ခြင်းဖြစ်သည်။ ယင်းမတိုင်မီ ကညနသည် အခြားသော မော်တော်ယာဉ်လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် လုပ်ငန်း၊ လိုင်စင်ဆောင်ရွက်နေသည့် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန (ပစန) ဆောင်ရွက်သည့် လုပ်ငန်းများကို စတင်ကိုင်တွဲခဲ့ခြင်းဖြစ်သည်။ ယင်း ၊ အချိန်အခါကာလများကမည်သူတစ်ဦးတစ်ယောက်မျှအသံမဟခဲ့ကြပေ။
ဆိုရပါမူ အမှန်တကယ်အားဖြင့် ကညန၏စီမံကိန်းသည် မော်တော်ယာဉ်နှင့်သက်ဆိုင်သည့် လုပ်ငန်းအားလုံးကိုအပြည့်အဝတာဝန်ယူ နိုင်ရန်ဖြစ်သည်။ ဥပမာအားဖြင့် - သင်္ဘောသမ္ဗာန်၊ အခြားသောရေယာဉ်များနှင့် သက်ဆိုင်သည့်လုပ်ငန်းအားလုံးကို ရေကြောင်းသယ်ယူပို့၊ ဆောင်ရေးက အလုံးစုံတာဝန်ယူခြင်းမျိုး၊ လေယာဉ်ပျံ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍ တင်သွင်း၊ ရောင်းချခြင်းလုပ်ငန်းများကို ၊ လေကြောင်းသယ်ယူပို့ဆောင်ရေးကအလုံးစုံတာဝန်ယူရသကဲ့သို့ကုန်းလမ်းသွားယာဉ်များနှင့်သက်ဆိုင်သည့်အလုံးစုံလုပ်ငန်းအားလုံးကို ၊ ကညနမှပင် ဆာင်ရွက်ရမည်ဖြစ်သည်။
အကယ်၍ ကညန က ယင်းကဲ့သို့ မော်တော်ယာဉ် လုပ်ငန်းအားလုံး ဆောင်ရွက်သည်ကို မှားယွင်းသည်ဟုဆိုလျှင် ရေကြောင်း၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ကိုလည်း အလုံးစုံကိုင်တွယ်မှုအား ပြန်လည် ဆန်းစစ်သင့်ပေသည်။ နိုင်ငံတကာတွင်လည်း ၊ မော်တော်ယာဉ်နှင့်ပတ်သက်၍ RTAD ဆိုသည့်ဌာနမှဆောင်ရွက်သည်ကိုလေ့လာနိုင်သည်။
ထို့အတွက်ကညနမှလာမည့် အနာဂတ်မော်တော်ယာဉ်နှင့် ပတ်သက်၍ မည်သို့မည်ပုံဆောင်ရွက်မည်ဆိုခြင်းကို မကြာခင်ထွက်လာ တော့မည့် နည်းဥပဒေတွင်မှာသာသိနိုင်မည်ဖြစ်ပါကြောင်းနှင့် ကညနထိုသည်မှာကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနပင်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။