ကညန ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းအား ထောက်ကြန့်/ ရွာသာကြီး/ နေပြည်တော်/ မန္တလေးရုံးများ၌ ဒီဇင်ဘာ ၁ ရက် မှစတင်၍ဆောင်ရွက်ပေးလျက်ရှိကြောင်း
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
ကနဦး မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ရာတွင်ယာဉ်အို/ယာဉ်ဟောင်း အစားထိုးတင်သွင်းခြင်း ၊ (Consigment စနစ်အပါအဝင်)
လူတစ်ဦးချင်းအစီအစဉ်ဖြင့် တင်သွင်းခြင်း ၊
ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ်တင်သွင်းခြင်း ၊ (FOC စနစ်ဖြင့် ပြည်ပမှ လှူဒါန်းသည့် မော်တော်ယာဉ် ပါမစ်လျှောက်ထားမှု)
အစိုးရဌာနများမှ မော်တော်ယာဉ်တင်သွင်းခြင်း ၊
ကနဦးမှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ပုံ အဆင့်ဆင့်မူသေနံပါတ်ယူမည့် အမှုတွဲအား စိစစ်ခြင်း
ယာဉ်မူသေအမှတ်မဲဆွဲခြင်း(သို့)စိတ်ကြိုက်ဝယ်ယူခြင်း တို့ ဆောင်ရွက်ပေးမည်ဖြစ်သည်။
ထို့ပြင် ယာဉ်စစ်ဆေးခြင်း ၊ယာဉ်မှတ်ပုံတင်ခတွက်ချက်ခြင်း ၊ဘဏ်တွင် ငွေပေးသွင်းခြင်း ၊
ငွေရပြေစာထုတ်ပေးခြင်း ၊အမှုတွဲလက်ခံခြင်း
ယာဉ်မှတ်ပုံတင်စာအုပ်(ကမ-၃)နှင့်ယာဉ်သက်သေခံလက်မှတ် (အဝိုင်း) Printer ဖြင့် ထုတ်ခြင်း
ယာဉ်မှတ်ပုံတင်စာအုပ်(ကမ-၃)နှင့်ယာဉ်သက်သေခံလက်မှတ်(အဝိုင်း)ပိုင်ရှင်များသို့ ထုတ်ပေးခြင်းများလည်းပါဝင်သည်။
"ကနဦး မှတ်ပုံတင်ခြင်းလုပ်ငန်းတွေပြန်ဖွင့်ပေးတာပါ ထောက်ကြန့်၊ရွာသာကြီး၊နေပြည်တော်၊ မန္တလေးရုံးတွေပဲပေါ့ ကျန်ဌာနတွေမပါသေးပါဘူး။လုပ်ငန်းတွေအားလုံးကိုတော့စက်တင်ဘာ ၁၀ ရက်ကစပြီးပိတ်ထားခဲ့တာပါ" ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ COVID-19 ရောဂါကူးစက်ခြင်းကိုကြိုတင်ကာကွယ်သည့်အနေဖြင့် စက်တင်ဘာ ၁၀ ရက်နေမှ စတင်၍ ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်းနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းသင်တန်းများကိုခေတ္တရပ်နားထားပြီး အဆိုပါ Online စနစ်များကိုလည်းရပ်နားထားခဲ့ခြင်းဖြစ်သည်။