ကညနမှ ကားနှင့် မော်တော်ဆိုင်ကယ်များ ယာဉ်စစ်ဆေးခြင်းကင်းလွတ်ကာလ ထုတ်ပြန်ကြေညာ


ကညနမှ ကားနှင့် မော်တော်ဆိုင်ကယ်များ ယာဉ်စစ်ဆေးခြင်းကင်းလွတ်ကာလ ထုတ်ပြန်ကြေညာ


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)နေပြည်တော် မှ ယာဉ်စစ်ဆေးခြင်းကင်းလွတ်ကာလနှင့် စပ်လျဉ်း၍ စာအမှတ် ကဥပ-၃၃၉(က)၂၀၂၂/၂၈၃၇ ကို ၂၀၂၂ ခုနှစ်စက်တင်ဘာလ ၁ ၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။


  

“ညွှန်ကြားချက် - ၁၃ / ၂၀၂၂ "

အကြောင်းအရာ။ ။သက်တမ်းကုန်ဆုံးမည့် မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များအားလုံးကို ယာဉ်စစ်ဆေးခြင်းမပြုဘဲ ဖြေလျှော့၍ သက်တမ်းတိုးဆောင်ရွက်ပေးရန်ကိစ္စ

ရည် ညွှန်း ချက် ။

(၁) ရုံးချုပ်(နေပြည်တော်)၏ ၁၇-၃-၂၀၂၁ ရက်စွဲပါစာအမှတ်ကဥပ ၃၃၉(က)၂၀၂၁ /၇၂၉ “ညွှန်ကြားချက်-၃/၂၀၂၁”

(၂) ရုံးချုပ်(နေပြည်တော်)၏ ၁၁-၉-၂၀၂၁ ရက်စွဲပါစာအမှတ်ကဥပ၃၃၉(က)၂၀၂၁/၂၇၅၅ “ညွှန်ကြားချက်-၆/၂၀၂၁”

(၃) ရုံးချုပ်(နေပြည်တော်)၏ ၂၈-၁၂-၂၀၂၁ ရက်စွဲပါစာအမှတ်၊ ကဥပ ၃၃၉(က)၂၀၂၁/၄၂၄၇ “ညွှန်ကြားချက်-၈/၂၀၂၁”

(၄) ရုံးချုပ်(နေပြည်တော်)၏ ၂၈-၆-၂၀၂၂ ရက်စွဲပါစာအမှတ်ကဥပ ၃၃၉(က)၂၀၂၂/၂၁၅၂ “ညွှန်ကြားချက်-၁၀/၂၀၂၂”

၁။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရသည့် မော်တော်ယာဉ်မော်တော်ဆိုင်ကယ် နှစ်လဲသက်တမ်းတိုးလုပ်ငန်းများပြန်လည်ဖွင့်လှစ်ဆောင်ရွက်ရာတွင် ရုံးများ၌ လူစုလူဝေး အနည်းဆုံး ဖြစ်စေရေးနှင့် လုပ်ငန်းများ မြန်ဆန်စွာပြီးစီးရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်ရုံးများရှိ မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအနက် Road Safety ဖြစ်စေရေး အရေးကြီးသည့် အများပြည်သူသယ်ယူပို့ဆောင်သည့်ခရီးသည်တင်ယာဉ်များကိုသာ ယာဉ်စစ်ဆေး ၍ အခြားမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအားလုံးကို ယာဉ်စစ်ဆေးခြင်းမပြုဘဲ မှတ်တမ်း နှင့်သာ တိုက်ဆိုင်စစ်ဆေး၍ ယာဉ်စစ်ကင်းလွတ်ဖြင့် သက်တမ်းတိုးခြင်းကို ရည်ညွှန်း(၁)၊ (၂)၊ (၃)(၄) ပါစာများဖြင့် ညွှန်ကြားထားရှိပြီးဖြစ်ပါသည်

 

၂။ အဆိုပါယာဉ်စစ်ဆေးခြင်းကင်းလွတ်ဖြင့် သက်တမ်းတိုးဆောင်ရွက်ခြင်းကို ရည်ညွှန်း(၁)၊ (၂)(၃)၊ (၄) ပါခွင့်ပြုခဲ့သည့်အတိုင်း (၃၁-၁၂-၂၀၂၂) ရက်နေ့အထိ ဆက်လက်ခွင့်ပြုပါကြောင်းနှင့် အများ ပြည်သူသယ်ယူပို့ဆောင်သည့်ခရီးသည်တင်ယာဉ်များကိုသာ ယာဉ်စစ်ဆေး၍အခြားမော်တော်ယာဉ် နှင့်မော်တော်ဆိုင်ကယ်များအားလုံးကို ယာဉ်စစ်ဆေးခြင်းမပြုဘဲ မှတ်တမ်းနှင့်သာတိုက်ဆိုင်စစ် ဆေး၍ ယာဉ်စစ်ကင်းလွတ်ဖြင့် သက်တမ်းတိုးဆောင်ရွက်ပေးသွားရန်ဖြစ်ကြောင်း အကြောင်းကြား ပါသည်။

 

၃။ ဤစာကိုလက်ခံရရှိကြောင်းနှင့် နားလည်သဘောပေါက်ကြောင်း ပြန်ကြားရန်ဖြစ်ပါသည်

 

ရင်းမြစ် ကညန

#MyanmarAutomobileGuide 

Telegram Channel  https://t.me/Guid4U

Read 622 times