COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်အရ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ကနဦးမှတ်ပုံတင်
ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်စတင်တော့မည် ဖြစ်သည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ကနဦးယာဉ်မှတ်ပုံတင်ဌာန (နေပြည်တော်၊ ထောက်ကြန့်၊ ရွာသာကြီး၊ မန္တလေး) ရုံးများ၏ ကနဦးမှတ်ပုံတင် ဝန်ဆောင်မှုလုပ်ငန်းများကို ၁.၁၂.၂၀၂၀ ရက်(အင်္ဂါနေ့)မှ စတင်၍ ပြန်လည်လက်ခံ ဆောင်ရွက်သွားမည်ဖြစ်သည်။
မော်တော်ယာဉ်များကနဦးမှတ်ပုံတင်ရာတွင် ပေးဆောင်ရမည့် ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးကို ဝန်ဆောင်မှုရပ်ဆိုင်းထားသည့်
၁၄.၉.၂၀၂၀ ရက်နေ့မှ ၃၀.၁၁.၂၀၂၀ ရက်နေ့အထိ (၇၈)ရက်
ကာလအား ထည့်သွင်းရေတွက်ခြင်းမပြုဘဲလျှော့ပေါ့ ဆောင်ရွက်ပေးမည်ဖြစ်သည်။
သို့သော် ၂၈.၂.၂၀၂၁ ရက်နောက်ပိုင်းမှ လာရောက်ဆောင်ရွက်သည့် ကနဦးမှတ်ပုံတင်ယာဉ် များသည် ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးငွေ လျှော့ပေါ့ခွင့်ရမည်မဟုတ်ဘဲ မူလသတ်မှတ်ချက် များအတိုင်း ဒဏ်ကြေးများ ပေးဆောင်ရမည်ဖြစ်သည်။