ကညနမှ ယာဉ်လိုင်စင်နှင့်ယာဉ်မောင်းလိုင်စင်သက်တမ်းကျော်ခြင်းများနှင့် စပ်လျဉ်း၍ ထုတ်ပြန်ကြေညာ


COVID ကာလတွင် ကညနလုပ်ငန်းများရပ်နားထားခြင်းကြောင့် ယာဉ်လိုင်စင်နှင့်ယာဉ်မောင်းလိုင်စင်သက်တမ်းကျော်လွန်ခြင်းများကို

စိစစ်ဖြေလျှော့မှုတွေ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှသတင်းထုတ်ပြန်သည်။

ကနဦးမှတ်ပုံတင်ခြင်း၊ရက်လွန်ဒဏ်ကြေး၊သက်တမ်းတိုးမော်တော်ယာဉ်နဲ့ယာဉ်မောင်းလိုင်စင်ကိစ္စရပ်များအား ရပ်နားထားရသည့်ကာလများ၌ ဖြေလျှော့မှုတွေပြုလုပ်သွားမည်ဖြစ်‌ ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

"ကိုဗစ်ကာလမှာ အားလုံးအခက်ခဲဖြစ်နေတာကြောင့်အခုလိုစီစဉ်တာပါ။ယာဉ်လိုင်စင်နဲ့ယာဉ်မောင်းလိုင်စင်သက်တမ်းကျော်လွန်တာတွေကိုဖြေလျော့ပေးမည့်အပြင်လမ်းမပေါ်မှာမောင်းနှင်နေတဲ့မော်တော်ယာဉ်တွေအနေနဲ့သက်တမ်းတိုး မဆောင်ရွက်နိုင်တာကြောင့် ယာဉ်ထိန်းတပ်ဖွဲ့တွေနဲ့လည်း ညှိုနှိုင်းချိတ်ဆက်ဆောင်ရွက်မှုတွေလုပ်ဆောင်သွားပါမယ်"ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ပြင်လမ်းမပေါ်တွင်မောင်းနှင်နေသည့်မော်တော်ယာဉ်တွေအနေနှင့်သက်တမ်းတိုးခြင်းမဆောင်ရွက်နိုင်ခြင်းကြောင့် ယာဉ်ထိန်းတပ်ဖွဲ့များနှင့်လည်း ညှိုနှိုင်းချိတ်ဆက်ဆောင်ရွက်မှုတွေလုပ်ဆောင်သွားမည်ဖြစ်သည်။

ကပ်ရောဂါကြောင့် တစ်နိုင်ငံလုံးက ကညနလုပ်ငန်းများအားလုံးကို စက်တင်ဘာ လတတိယပတ်ကစတင်ပြီးရပ်နားခဲ့ပြီးလူစုလူဝေးနဲ့ပြုလုပ်ရတဲ့ ကညနလုပ်ငန်းတွေကို ကပ်ရောဂါကိုအထိုက်အလျောက်ထိန်းချုပ်နိုင်မှသာ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ကာအများပြည်သူကိုကြိုတင်ကြေငြာအသိပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 
Read 64104 times