တာချီလိတ်-မယ်ဆိုင် ကုန်တင်ယာဉ်များ ကညနမှ စစ်ဆေးမည်



တာချီလိတ်မှ မယ်ဆိုင်သို့ အမှတ်(၂)ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ကုန်စည်များပို့ဆောင်မည့် မော်တော်ယာဉ်များကို တာချီလိတ်မြို့ ၊ရှမ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုကွင်း၌ စစ်ဆေးမည်ဟု ကြေညာထားပါသည်။

တာချီလိပ်မှ ထိုင်းနိုင်ငံ မယ်ဆိုင်သို့ အမှတ်(၂) ချစ်ကြည်ရေး တံတားမှ တစ်ဆင့် ကုန်စည်များပို့ဆောင်ရန် လျှေက်ထားလာသည့် မော်တော်ယာဉ်(၁၂၅)စီးအား ကညန မှ စက်တင်ဘာလ ၂၉ရက်တွင်တာချီလိတ်မြို့ ၊ဆေခမ်းရပ်ကွက် ရှမ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုကွင်း၌ စစ်ဆေးမည်ဖြစ်သည်။

 

အသိပေးကြေငြာချက် ထုတ်ပြန်ခြင်း

ရက်စွဲ ၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၈ ရက်

 

၁။ တာချီလိတ်မြို့နယ်မှ ထိုင်းနိုင်ငံ ၊ မယ်ဆိုင်မြို့သို့ အမှတ်(၂)ချစ်ကြည်ရေးတံတားမှကုန်စည် သယ်ယူပို့ဆောင်ရန် (၂၁-၉-၂၀၂၀) ရက်နေ့မှ (၂၅-၉-၂၀၂၀) ရက်နေ့ထိ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌဌာန သို့လျှောက်ထားလာသည့် Micro / Mini - Bus / Toyota Hlace မော်တော်ယာဉ်(၁၂၅)စီးအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ၂၉-၉-၂၀၂၀ ရက်နေ့ နံနက် (၀၉၃၀) အချိန်မှစ၍ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ ရှမ်းရိုးရာယဉ်ကျေးမှု ကွင်း၌ မော်တော်ယာဉ်များ စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 

၂။ ထိုသို့စစ်ဆေးရာတွင် covVID-10 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်သည့် အနေဖြင့် လူစုလူဝေး မဖြစ်စေရေး မော်တော်ယာဉ်များအား အရေခွဲ၍ အချိန်ပိုင်းအလိုက် စစ်ဆေးသွား မည်ဖြစ်ရာ အောက်ဖော်ပြပါ စာရွက်စာတမ်းမျာ းတစ်ပါတည်းယူဆောင်၍ သွားရောက် စစ်ဆေး ခံယူရန် ကြေညာအပ်ပါသည်

 

(က) ယာဉ်ပိုင်ဆိုင်မှုမှတ်ပုံတင်စာအုပ် မူရင်း(Owner Book )ယူဆောင်လာရန်

(ခ) ယာဉ်သက်သေခံလက်မှတ် မူရင်း( Wheel Test)ယူဆောင်လာရန် 

(ဂ) ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဖုန်းဖြင့်ဆက်သွယ်၍ ခေါ်ယူသည့် အချိန်မှသာသွားရောက်စစ်ဆေးခံယူပါရန်

 

ခရိုင်စီမံခန့်ခွဲမှုကော်မတီ

တာချီလိတ်မြို့

 

Read 499 times