ကညနရုံးတွေဖွင့်တော့မှာလား ယာဉ်မောင်းလိုင်စင်တွေလုပ်လို့ရပြီလား


ကညနရုံးတွေဘယ်တော့ဖွင့်မှာလဲ ယာဉ်မောင်းလိုင်စင်တွေ သက်တမ်းတိုးချင်လို့ ယာဉ်မောင်းလိုင်စင်အသစ်လုပ်ချင်လို့ စသည်ဖြင့်မေးမြန်းကြတဲ့သူတွေများပါတယ်။

ကညနရုံးတွေဖွင့်မည့်ရက်ဟာ အတိအကျစာထွက်လာတာတော့မတွေ့သေးပါဘူး

ဘယ်နေ့ဘယ်ရက်လို့ပြောနေကြသံတွေကတော့အမျိုးမျိုးကြားနေရပါတယ်

ကျွန်တော်ပြောချင်တာလေးက ကညနရုံးတွေဖွင့်ခဲ့သည့်တိုင် ယာဉ်မောင်းလိုင်စင်တွေ သက်တမ်းတိုးဖို့ အသစ်လုပ်ဖို့ဆိုတာ ချက်ချင်းမရနိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကညနရုံးတွေဖွင့်တယ်ဆိုတာနဲ့ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းကိုအရင်စမှာပါ

အဲ့ဒါပြီးပါမှ သက်တမ်းကုန်‌နေတဲ့ယာဥ်တွေသက်တမ်းတိုးခြင်း၊ သက်တမ်းကုန်နေတဲ့ ယာဉ်မောင်းလိုင်စင်တွေ သက်တမ်းတိုးခြင်းတို့ကို အရင်ဆောင်ရွက်မှာပါ

အထက်ပါနှစ်ရက်လုံးပြီးပါမှယာဉ်မောင်းလိုင်စင်အသစ်လုပ်တာတွေ တဆင့်ဖြေဆိုတာတွေစမှာပါ ဥပမာ အမောင်းသင်လိုင်စင်ကနေ "ခ"ဖြေတာတို့ "ခ" ကနေ"ဃ" "င" ဖြေတာတို့ပါ ဒါတောင်မှ covid အခြေအနေပေါ်မူတည်ပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအလိုက် နေရာဒေသသတ်မှတ်ခြင်း၊လူဦးရေသတ်မှတ်ခြင်း၊ ယာဉ်မောင်းလိုင်စင်အမျိုးအစားသက်မှတ်ခြင်း၊ အချိန်၊ရက် သတ်မှတ်ခြင်း စသည်ဖြင့် ကျန်းမာရေးအရ covid ပထမလှိုင်းတုန်းကလို ကန့်သတ်ချက်များစွာနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။

သက်တမ်းကုန်‌နေပြီး သက်တမ်းတိုးခွင့်မရတဲ့ ယာဉ်တွေ၊ ယာဉ်မောင်းလိုင်စင်တွေကိုလဲ covid ပထမလှိုင်းတုန်းကလို ဖြေလျော့မှုတွေ ပေးလာလိမ့်မယ်လို့မျှော်လင့်ပါတယ်။

ဒီတော့ ကညနရုံးတွေဖွင့်ခဲ့လျှင်လည်း ယာဉ်မောင်းလိုင်စင်အသစ်လုပ်တာတွေတဆင့်တိုးဖြေဆိုတာတွေ  ချက်ချင်းမရနိုင်သေးဘူးဆိုတာ အသစ်လုပ်ဖို့ တဆင့်တိုးဖို့ မျှော်လင့်နေတဲ့မိဘပြည်သူများကို သိစေလိုပါတယ်ခင်ဗျာ။

ဖြည့်စွပ်ပြီးပြောချင်တာလေးက ယာဉ်လိုင်စင်တွေသက်တမ်းကုန်နေသော်လည်း ယာဉ်နဲ့အတူပါရှိပါစေ ယာဉ်မောင်းလိုင်စင်တွေသက်တမ်းကုန်နေပါ‌စေ မိမိနဲ့‌တော့အတူပါရှိပါစေ စစ်ဆေးတဲ့တာဝန်ရှိသူတွေက သက်တမ်းကုန်ခြင်းနဲ့ပတ်သက်လို့ မေးမြန်းလာသည့်အခါ ရေရေလည်လည် ရှင်းပြပေးပါ အဆင်ပြေပါလိမ့်မယ်ဗျာ။

လိုင်စင်တွေအကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးသွားတယ်ဆိုရင်လည်း သက်ဆိုင်ရာယာဉ်ထိန်းရုံးကနေ ထောက်ခံစာယူထားပါ ထောက်ခံစာနဲ့ ယာဉ်မောင်းလို့မရပေမဲ့ အထောက်အထားတစ်ခုအဖြစ်တော့ မိမိလက်မှာ ရှိထားတော့ရှင်းပြရတဲ့အခါ အကျိုးဖြစ်စေမှာပါ။ မေးမြန်းကြတဲ့မေးခွန်းတွေကို တစ်ဦးချင်းစီ ပြန်မဖြေနိုင်ပါသော်လည်း တချို့မေးခွန်းတွေဟာ ကျွန်‌တော်ရေးသားတင်ပြထားပြီးသားဖြစ်တာမို့ ကျန်တော်၏စာများအား ဝင်ရောက်လေ့လာ ဖတ်ရှုပေးပါခင်ဗျာ။

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

 

Read 9463 times