ပြည်ပတင်သွင်းယာဉ် ကညန ကနဦးမှတ်ပုံတင်ခများ တစ်ဝက်စီ လျှော့ပေးလိုက်ကြောင်း ထုတ်ပြန်ကြေညာပါသည်။ ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာနသည် COVID-19 ကြောင့်ဖြစ်ပေါ်လာသော စီးပွားရေးကျဆင်းမှုများကို ကုစားသည့်အနေဖြင့် လူစီးမော်တော် ယာဉ်များအတွက် မူလတန်ဖိုး(FOB)အပေါ် ကောက်ခံလျက်ရှိသည့် ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ နှုန်းထားများကို ၇-၈-၂၀၂၀ ရက်(သောကြာနေ့)မှ စတင်၍ အောက်ပါနှုန်းထားများအတိုင်း လျှော့ချ ကောက်ခံမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-
စဉ် လူစီးယာဉ် အမျိုးအစား လက်ရှိ ကောက်ခံ သည့်နှုန်း လျှော့ချ ကောက်ခံ သည့်နှုန်း
(က) စက်စွမ်းအား ၁၃၅၀ စီစီ နှင့် အောက် ၃၀ % ၁၅ %
( ခ ) စက်စွမ်းအား ၁၃၅၁ စီစီ မှ ၂၀၀၀ စီစီ အထိ ၅၀ % ၂၅ %
( ဂ) စက်စွမ်းအား ၂၀၀၁ စီစီ မှ ၅၀၀၀ စီစီ အထိ ၈၀ % ၄၀ %
(ဃ) စက်စွမ်းအား ၅၀၀၁ စီစီနှင့် အထက် ၁၂၀ % ၆၀ %
၂။ အသေးစိတ်ထပ်မံသိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်-
(က) ညွှန်ကြားရေးမှူး(မော်တော်ယာဉ်မှတ်ပုံတင်ဌာန) - ၀၆၇-၃၄၀၅၁၄၂
( ခ) ဒုတိယညွှန်ကြားရေးမှူး(မော်တော်ယာဉ်မှတ်ပုံတင်ဌာန) - ၀၆၇-၃၄၀၅၀၃၈
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာန