ဖြစ်တောင့်ဖြစ်ခဲ ကားတံဆိပ်စာလုံးအလွဲ


ဖြစ်တောင့်ဖြစ်ခဲ ကားတံဆိပ်စာလုံးအလွဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ယာဉ်၏နောက်ဘက်တွင် တံဆိပ်စာသားတစ်ခု၏ အက္ခရာများကို မှန်ကန်စွာတပ်ဆင်ခြင်းသည် အထူးခက်ခဲပုံမပေါ်သော်လည်း Jeep သည် Wagoneer တွင် ပြဿနာတက်ခဲ့ဖူးပါသည်။
.
လူမှုကွန်ရက် ပလက်ဖောင်း တွစ်တာ Twitter ပေါ်တွင် ပို့စ်တစ်ခုမှာ Jeep Wagoneer နောက်ဘက်ကို ရိုက်ထားသည့် ဓာတ်ပုံကို ဖော်ပြထားသည်။ အတန်းလိုက် ခပ်ကြဲကြဲ အက္ခရာများကို တန်းစီပြီး တပ်ဆင်ထားရာ၌ စွေစောင်းနေသည်။ တံဆိပ်တတ်သူသည် အက္ခရာများကို မည်သို့ နေရာချရမည်ကို မသိဘဲ တံဆိပ်ကပ်ခွင့် ရထားသလားဟု မေးစရာ ဖြစ်နေသည်။ တစ်ဆက်တည်းမှာပင် Jeep ၏ အရည်အသွေးစံ ထိန်းချုပ်မှု ညံ့ဖျင်းနေတာလားဟုလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။ 


.
Jalopnik ကားဝဘ်ဆိုက်တွင် အဖြေပေးထားသည်။ 
အဆိုပါ ဓာတ်ပုံမှာ Jeep ၏ မိခင်လုပ်ငန်း Stellantis ၏ Warren Truck စက်ရုံတွင် တပ်ဆင်ထုတ်လုပ်ခဲ့စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကားများကို စက်ရုံမှ ပေးပို့ခြင်း မပြုခင် အရည်အသွေး စစ်ဆေးခဲ့ရာ၌ တံဆိပ်တပ်ထားပုံ လွဲချော်နေသည်ကို တွေ့သဖြင့် မှတ်တမ်းတင်ခဲ့သည့် ဓာတ်ပုံ အပြင်သို့ ပေါက်ကြားသွားခြင်း ဖြစ်သည်။

တံဆိပ်တပ်ထားပုံကို တပ်ဆင်ရေးလိုင်းတွင် စစ်ဆေးသည့် အဆင့်ရှိပါလျက် ကျွံထွက်လာခြင်း ဖြစ်သည်။ 
.
"Wagoneer ကိုထုတ်လုပ်ခဲ့ရာ၌ အစောပိုင်းတွင် ပထမအသုတ်မှာ Warren Truck သည် တံဆိပ်တန်းညှိခြင်းဆိုင်ရာ ပြဿနာအချို့ကို တွေ့ကြုံခဲ့ရသည်။ အဆိုပါပြဿနာများကို ဖောက်သည်များထံ မော်တော်ယာဉ်များ မပို့ဆောင်မီ စက်ရုံတွင် ပြန်လည်ပြင်ဆင်ခဲ့ပါသည်။ ဖော်ပြပါဓာတ်ပုံတွင် ပါသည့် ကားလည်း ပြန်လည်ပြင်ဆင်သည့်အထဲ ပါဝင်သည်မှာ သေချာပါသည်။ စက်ရုံတွင်း မှတ်တမ်းမှတ်ရာ ပြုခဲ့သည့် ဓာတ်ပုံဖြစ်ပါသည်။  တံဆိပ်ကို လက်ဖြင့် ကိုင်ပြီး ကပ်ရာ၌ ယခုလို စွေစောင်းခြင်း ဖြစ်ပါသည်။ တံဆိပ် တပ်ဆင်ထားပုံကို စစ်ဆေးပေသည့် စက်ကိရိယာ အမြင်စနစ်ကိုလည်း ချွတ်ချော်မှု မရှိအောင် စီမံပေးခဲ့ပြီး ဖြစ်ပါသည်။ စက်ရုံတွင် စက်ရုံမှထွက်ခွာသည့် ကားတိုင်းသည် အမှတ်တံဆိပ်၏ ပရီမီယံအရည်အသွေးကို ထင်ဟပ်စေမည့် ခိုင်မာသောမော်တော်ယာဉ်  စစ်ဆေးသည့်လုပ်ငန်းစဉ် ထားရှိပါသည်။" ဟု Jeep ၏ လူထုဆက်ဆံရေး ဌာနမှ ရှင်းလင်းချက် ထုတ်ပြန်ပေးခဲ့သည်ကို Jalopnik ကားဝဘ်ဆိုက်တွင် တင်ပြပေးထားပါသည်။ 
Source Jalopnik

Read 212 times