Jeep Cherokee ကားစက်ရုံ 'အကန့်အသတ်မရှိ' ရပ်နားမည်


Jeep Cherokee ကားစက်ရုံ 'အကန့်အသတ်မရှိ' ရပ်နားမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Stellantis သည် ၂၀၂၃ ခုနှစ်တွင် Jeep Cherokee စက်ရုံကို 'အကန့်အသတ်မရှိ' ရပ်နားမည်ဟု ကြေညာသည်။
အမေရိကန်နိုင်ငံ  အီလင်နွိုက်ပြည်နယ် ဘဲလ်ဗစ်ဒီယား ရှိ Stellantis ကားစက်ရုံတွင် Jeep Cherokee ထုတ်လုပ်လျက်ရှိရာ ၂၀၂၃ ဖေဖော်ဝါရီလ ၂၈ ရက်တွင် ရက်အကန့်အသတ်မရှိ ရပ်နားထားမည် ဖြစ်သည်။ စက်ရုံ၏ ဝန်ထမ်း ၁,၃၅၀ ဦးတွင် အများစုသည် ရက်အကန့်အသတ်မရှိ အလုပ်ထုတ်ခံရမှုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ရက်အကန့်အသတ်မရှိ ရပ်နားထားခြင်းသည် အချိန် ၆ လ ကျော်သွားနိုင်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

 စက်ရုံရပ်နားထားရသည်မှာ ပစ္စည်းပေးသွင်းမှုတွင် ပြတ်လပ်မှုများ ရှိနေခြင်း၊ Jeep Cherokee ရောင်းအား ကျဆင်းနေခြင်းတို့ကြောင့် ဖြစ်သည်။
 Source thedrive

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 3266 times