JDM, CBU, SKD နဲ့ CKD တို့ရဲ့ အဓိပ္ပာယ်


မင်္ဂလာပါဗျ... သည်ပို့စ်မှာတော့ ပေါ့ပေါ့ပါးပါးပဲ JDM, CBU, SKD နဲ့ CKD တို့ရဲ့ အဓိပ္ပာယ်တွေကို ပြောပြမှာပါ။ လူပြောများတဲ့ အသုံးအနှုန်းတွေဖြစ်ပေမဲ့ တချို့မသိသေးတဲ့သူတွေလည်း ရှိနေလို့ပါ။

JDM - Japanese Domestic Market

ဂျပန်နိုင်ငံတွင်းသုံးဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ကားတွေပါ။ အကြောင်းအမျိုးမျိုးကြောင့် ဂျပန်မှာ ဆက်မသုံးဖြစ်တော့လို့ မြန်မာနိုင်ငံကို second အနေနဲ့ ပြန်တင်သွင်းလာတာပါ။ ကျွန်တော်တို့ လမ်းပေါ်မှာ တွေ့နေရတဲ့ ကားအဟောင်းတော်တော်များများက JDM တွေပါ။

 

CBU - Completely Built-Up

•နိုင်ငံခြားကနေ အပြီးအစီးတပ်ဆင်ထားပြီးသား အသင့်မောင်းရုံကားတွေကို မြန်မာနိုင်ငံတွင်းသုံးဖို့ တင်သွင်းလာတဲ့ ကားတွေပါ။ ဒီနောက်ပိုင်း လမ်းပေါ်မှာတွေ့နေရတဲ့ ကားသစ်တွေထဲကမှ SKD မဟုတ်တဲ့ ကားတွေအကုန်လုံးနီးပါးက CBU တွေပါ။

 

SKD - Semi Knocked Down

နိုင်ငံခြားကနေ ကားအစိတ်အပိုင်း‌တွေကို တစ်စစီသယ်လာပြီး မြန်မာနိုင်ငံရောက်မှ ပြန်လည်တပ်ဆင်တဲ့ကားတွေပါ။

 

လူစီးများတဲ့ထဲက ပြောရရင်တော့ Suzuki Ciaz, Suzuki Swift, Suzuki Ertiga နဲ့ Hyundai Accent တို့ပဲ ဖြစ်ပါတယ်။ ရန်ကုန်ကားဈေးကွက်မှာတော့ SKD ဆိုတာ ပြည်ပကားလုပ်ငန်းတွေက ယာဉ်အစိတ်အပိုင်းတွေကို SKD အဖြစ် တင်သွင်းပြီး သူတို့ရဲ့ ကားစက်ရုံမှာ တပ်ဆင်ထုတ်လုပ်ထားတဲ့ ကားတွေကို ရည်ညွှန်းပြောဆိုကြတာ ဖြစ်ပါတယ်။

 

CKD - Completely Knocked Down

ကားအစိတ်အပိုင်းတွေကို မြန်မာနိုင်ငံတွင်းမှာပဲ ကိုယ်တိုင်ထုတ်လုပ်ပြီး ကိုယ်တိုင်တပ်ဆင်တဲ့ကားတွေပါ။ Suzuki Carry က CKD အနေနဲ့ ထုတ်လုပ်ထားတာပါတဲ့။ ဒီလောက်ဆို မသိသေးတဲ့သူတွေ သိသွားကြပြီလို့ ထင်ပါတယ်။ ကားပိုင်ရှင်များအားလုံး ပူပင်သောကမရှိ ကားမောင်းနိုင်ကြပါစေ။

 

Myanmar Automobile Guide

Ref Source: Internet (Facebook )

Read 7349 times