ဂျပန်ကားများ ထိုင်းနှင့် အင်ဒိုနီးရှား ဈေးကွက်ဝေစုများ လျော့ကျလာ


ဂျပန်ကားများ ထိုင်းနှင့် အင်ဒိုနီးရှား ဈေးကွက်ဝေစုများ လျော့ကျလာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

တရုတ်နှင့်တောင်ကိုရီးယားတို့သည် ထိုင်းနှင့်အင်ဒိုနီးရှားတွင် အီးဗီများဖြင့် လမ်းသစ်ဖော်ဆောင်ကာ ဈေးကွက်ထဲ မောင်းဝင်ပြီး ဈေးကွက်ဝေစု ရယူကြသည်။

BYD ကဲ့သို့သော တရုတ်ကားကုမ္ပဏီများသည် ထိုင်းလျှပ်စစ်ကားစျေးကွက်တွင် ဦးဆောင်နေပါသည်။

ဩဂုတ်လက အင်ဒိုနီးရှားနိုင်ငံတကာ မော်တော်ကားပြပွဲတွင် Mitsubishi Motors မှ အသစ်ထုတ်လုပ်သည့်  sport utility vehicle SUV မော်ဒယ် Xforce ကို ပြသထားသည့်အနီးသို့  အဆိုပါပွဲကို တက်ရောက်လာသည့် အဆင့်မြင့် အစိုးရအရာရှိများက လမ်းလျှောက်ကာ ရောက်လာသောအခါ အင်ဂျင်ကား Xforce ကို တစ်ချက်ကြည့်လိုက်ကြသည်။ ထို့နောက် အနိးအနားတွင် ပြသထားသည် လျှပ်စစ်ကားဆီသို့ သွားလိုက်ပြီး ကားအနီး မတ်တတ်ရပ်ကာ ဖုန်းဖြင့် မှတ်တမ်းတင် ဓာတ်ပုံ ရိုက်လိုက်ကြသည်။
အီးဗီ မဟုတ်လျှင် မျက်နှာငယ်ရသည်။
 Mitsubishi Motors ၏ ဥက္ကဌ Takao Kato က "အီးဗီတွေကိုပဲ စိတ်ဝင်စားကြတယ်" ဟု ပြောကြားသည်။

 
ဂျပန်ကားများသည် လူဦးရေ သန်း ၆၇၀ ကျော်ရှိသည့် အရှေ့တောင် အာရှတွင် ကားသစ်ရောင်းအား စုစုပေါင်း၏  ၈၀% ကို ဈေးကွက်ဝေစု ရရှိထားသည်။ ၁၉၅၀ ခုနှစ်များကတည်းက အရှေ့တောင် အာရှတွင် ကားများ ထုတ်လုပ်ရောင်းချခဲ့ကြသည်။

ယခုအခါ အရှေ့တောင် အာရှ၏ ထွန်းသစ်စ အီးဗီ နယ်ပယ်တွင် တရုတ်နှင့် တောင်ကိုရီးယား ထုတ်လုပ်သူများက နေရာ ယူထားကြသည်။ အီးဗီမော်ဒယ်များ တမျိုးပြီးတမျိုး တင်သွင်းရောင်းချကြသည်။ အီးဗီစက်ရုံများ ထူထောင်ကြသည်။

ထိုင်းနိုင်ငံ၏ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ အီးဗီ ရောင်းအားသည် ယမန်နှစ်ကထက် ၃ ဆ ဖြစ်လာပြီးအစီးရေ ၃၃,၀၀၀ ရောင်းချခဲ့သည်။  ရောင်းချသည့် ကားအသစ်စုစုပေါင်း၏ ၆% သည် အီးဗီများ ဖြစ်သည်။ ၎င်းအီးဗီများတွင် အများစုသည် တရုတ်အီးဗီများ ဖြစ်သည်။ 
ယခင်က ဂျပန်ကားများက ဈေးကွက်ဝေစု ၉၀% ကျော်အထိ ရရှိခဲ့ကြသည်။ ယခုအခါ ၈၀% အောက်သို့ လျှောကျသွားသည်။

 စျေးကွက်တွင် စိတ်ဝင်စားမှု မရရှိသော တရုတ်နှင့်တောင်ကိုရီးယားတို့မှ ကားထုတ်လုပ်သူများသည် ဂျပန်လွှမ်းမိုးမှုကို အီးဗီလမ်းကြောင်းသစ် ဖော်ဆောင်ပြီး ဈေးကွက်ဝေစုကို ရယူကြသည်။

မစ်စူဘီရှီ သည် အင်ဒိုနီးရှားတွင် အီးဗီ ထုတ်လုပ်ရန် ပြင်ဆင်နေသည်။ တိုယိုတာနှင့် ဟွန်ဒါတိုက ထိုင်းမှာ အီးဗီ ထုတ်လုပ်ရန် အစီအစဉ် ရှိသည်။ သို့သော် ဖြစ်ပေါ်နေသည့် ဈေးကွက် အခြေအနေများအရ စီးရေ အနည်းအကျဉ်းသာ ဖြစ်လိမ့်မည်။

Mitsubishi Motors ၏ ကမ္ဘာ့ရောင်းအားတွင် ၃၀% သည် အရှေ့တောင်အာရှမှ ဖြစ်သည်။
"သီအိုရီအရဆိုရင် အချိန်က စောလွန်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဒါကို ပေါ့ပေါ့တန်တန် လုပ်လွန်းရင် အီးဗီလှိုင်းကို လွတ်သွားမှာကို ကျွန်တော်တို့ စိုးရိမ်တယ်"ဟု Kato က ပြောကြားသည်။

Source Asia nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 2387 times