တရုတ်ပြည် အီးဗီအကူးအပြောင်းမှာ ဂျပန်ကားများ ဩဂုတ်လရောင်းအား ကျဆင်း


တရုတ်ပြည် အီးဗီအကူးအပြောင်းမှာ ဂျပန်ကားများ ဩဂုတ်လရောင်းအား ကျဆင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တရုတ်ပြည်မှာ လျှပ်စစ်ကားဆီသို့ အကူးအပြောင်း မြန်ဆန်နေချိန်မှာ ဂျပန်ကားလုပ်ငန်းများတွင် မော်ဒယ်အများစုသည် ဓာတ်ဆီအင်ဂျင်ကားများနှင့် ဟိုက်ဘရစ်ကားများ ဖြစ်နေသည့်အတွက် ရောင်းအား ကျဆင်းနေသည်။

တရုတ်ပြည်မှာ ဩဂုတ်လအတွက် ကားရောင်းအား အခြေအနေကို ထုတ်ပြန်ခဲ့ကြရာ၌ ယမန်နှစ် ဩဂုတ်လနှင့် နှိုင်းယှဉ်ပါက တိုယိုတာက ၆.၆% လျော့နည်းသည်၊ ဟွန်ဒါက ၂၅.၁% လျော့နည်းသည်၊ နီဆန်းက ၂၈.၉% လျော့နည်းသည်ဟု ထုတ်ပြန်ကြေညာခဲ့ကြသည်။ အဆိုးဝါးဆုံး Subaru က ၇၂.၃ % ကျဆင်းသည်၊ Mitsubishi Motors က ၈၇.၇% ကျဆင်းသည်ဟု ထုတ်ပြန်ကြေညာခဲ့ကြသည်။

မစ်စူဘီရှိသည် ထုတ်လုပ်မှု ရပ်ထားသည်။ တရုတ်ပြည်မှ ထွက်ခွာတော့မည် ဖြစ်သည်။ 

မာဇဒါက မော်ဒယ်အသစ်များကြောင့် ရောင်းအား ၁.၅% မြင့်တက်ခဲ့သည်။

ဂျပန်ကားလုပ်ငန်းများ တရုတ်ပြည်မှာ ရောင်းအား ကျသော်လည်း အခြားဈေးကွက်များတွင် ရောင်းအား မြင့်တက်ခဲ့ကြသည်။

ဂျပန်နိုင်ငံ၏ ကားများ အဓိကထုတ်လုပ်သူ ရှစ်ခုအနက် ခုနစ်ခုသည် ဩဂုတ်လတွင် ကမ္ဘာ့ရောင်းအား မြင့်တက်လာခဲ့သည်။
အမေရိကန်နှင့် ဥရောပတို့တွင် ရောင်းအား ခိုင်မာ ခဲ့ကြသည်။ တိုယိုတာသည် ဩဂုတ်လတွင် ရောင်းအား စံချိန်သစ် တင်နိုင်ခဲ့ပါသည်။

 Source www3.nnk
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 6685 times