ဗီယက်နမ်ကားဈေးကွက် ဂျပန်ကားများ ကြီးစိုး
Toyota နှင့် Mitsubishi အပါအဝင် ဂျပန်အမှတ်တံဆိပ်များသည် ၂၀၂၂ ပထမ ၃ လပတ်တွင် ပြည်ပမှ တင်သွင်းသည့် ကား brand များကြားတွင် အရောင်းရဆုံးဖြစ်ခဲ့သည်။
ဗီယက်နမ်တွင် ရောင်းချသော Toyota ကားမော်ဒယ်များတွင် Corolla Cross သည် အရောင်းရဆုံးကား ဖြစ်သည်။
Toyota သည် CBU (completely built unit) ၁၁,၆၆၁ စီး ရောင်းရပြီး ပထမနေရာတွင် ရောက်ရှိနေသည်။ ဒုတိယနေရာတွင် Mitsubishi သည် CBU ၇,၇၉၇ ရောင်းရသည်။
တတိယနေရာတွင် Honda ၊ စတုတ္ထနေရာတွင် Mazda ၊ ပဉ္စမနေရာတွင် Suzuki အသီးသီး နေရာရထားသည်။
ယမန်နှစ်က ပြည်ပမှတင်သွင်းရောင်းချသည့် CBU များတွင် ပထမ Toyota ၊ ဒုတိယ Mitsubishi နှင့် တတိယ Suzuki အသီးသီး နေရာရခဲ့သည်။ တင်သွင်းရောင်းချသည့် ကားများ၏ ရောင်းအားစုစုပေါင်းတွင် ထက်ဝက်ကျော်သည် Toyota ကားမော်ဒယ်များ ဖြစ်သည်။
ဗီယက်နမ်ကားဈေးကွက်ထဲတွင်ရောင်းချသည် Toyota ကားမော်ဒယ် ၁၇ ခုတွင် ၁၅ ခုသည် အင်ဒိုနီးရှား၊ ထိုင်းနှင့် ဂျပန် နိုင်ငံများတွင် ထုတ်လုပ်သည်။ ဆီဒင် Vios နှင့် SUV Innova မော်ဒယ် တို့ကို ဗီယက်နမ်တွင် တွဲစပ်တပ်ဆင် ထုတ်လုပ်သည်။ SUV Fortuner တွင် အချို့ကို ပြည်ပမှ တင်သွင်းပြီး ကျန်သည်တို့မှာ ဗီယက်နမ်တွင် တွဲစပ်တပ်ဆင် ထုတ်လုပ်သည်။
Mitsubishi သည် မော်ဒယ်အားလုံးနီးပါး ပြည်ပမှ တင်သွင်းရောင်းချသည်။ ရေပန်းစားသည့် MPV Xpander ကို အင်ဒိုနီးရှားမှာ ထုတ်လုပ်ပြီး ဗီယက်နမ်သို့ တင်သွင်းသည်။ Mitsubishi တင်သွင်းရောင်းချသည့် ကားမော်ဒယ်များ ရောင်းရစီးရေ စုစုပေါင်း၏ ၅၃% သည် MPV Xpander ရောင်းရစီးရေ ဖြစ်သည်။
ပစ်ကပ်ထရပ် Triton နှင့် ဆီဒင် Attrage တို့ကို ထိုင်းတွင် ထုတ်လုပ်ပြီး ဗီယက်နမ်သို့ တင်သွင်းသည်။
Suzuki နှင့် Isuzu တို့သည် ထိုင်းနှင့် အင်ဒိုနီးရှား နိုင်ငံများမှ တင်သွင်းရောင်းချကြသည်။
Truong Hai Auto Corporation က Mazda ကားများကို ယမန်နှစ်က စီးရေ ၇,၀၀၀ ခန့် ထိုင်းမှ တင်သွင်းပြီး ရောင်းချသည်။
Honda က အဓိက မော်ဒယ်များ ဖြစ်သည့် City နှင့် CR-V တို့ကို ဗီယက်နမ်တွင် တွဲစပ်တပ်ဆင် ထုတ်လုပ်သည်။ ကျန်မော်ဒယ်များကို ပြည်ပမှတင်သွင်းသည်။
Ford က မကြာသေးခင်က ဗီယက်နမ်တွင် ပစ်ကပ်ထရပ် Ranger မော်ဒယ်ကို တွဲစပ်တပ်ဆင် ထုတ်လုပ်သည်။ SUV Everest ကို ထိုင်းမှ တင်သွင်းသည်။ SUV Explorer ကို အမေရိကန်မှ တင်သွင်းသည်။
Volkswagen, Audi နှင့် BWM တို့သည် CBU များ တင်သွင်းရောင်းချကြသည်။
Kia, Hyundai နှင့် VinFast တို့သည် ဗီယက်နမ်တွင် ထုတ်လုပ်သည့် ကားမော်ဒယ်များကိုသာ ရောင်းချကြသည်။
e.vnexpress.net