ဂျပန် မီနီကားဈေးကွက်အပိုင်းအကန့်ထဲ တရုတ်မီနီအီးဗီမောင်းဝင်ဖို့ လမ်းကြောရှာ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်နိုင်ငံလုပ် လျှပ်စစ်ထရပ်ကားများနှင့် လျှပ်စစ်ဘတ်စ်ကားများ မကြာသေးမီနှစ်များအတွင်း ဂျပန်ဈေးကွက်သို့ ဝင်ရောက်လာခဲ့ကြပါတယ်။
လာမယ့် ဇန်နဝါရီလတွင် BYD က ဂျပန်နိုင်ငံတွင် လျှပ်စစ် SUV ကို စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။
.
ကမ္ဘာ့စျေးအသက်သာဆုံးလျှပ်စစ်ကားများထဲမှတစ်ခုဖြစ်သည့် Hong Guang MiniEV ကို ထုတ်လုပ်တဲ့ တရုတ်ကားထုတ်လုပ်သူက ဂျပန်ကားဈေးကွက်ရဲ့ ကားအငယ်စားများအတွက် အပိုင်းအကန့်ထဲ မောင်းဝင်ဖို့ လမ်းကြော ရှာနေပါတယ်။
“လမ်းလျှောက်မယ့်အစား ကားနဲ့ သွားပါ” လို့ ဆိုတဲ့ လေးယောက်စီး ကားအငယ်စား Hong Guang MiniEV ကို ၂၀၂၀ ဇူလိုင်လမှာ စတင်ရောင်းချခဲ့ပါတယ်။ ၂၀၂၂ စက်တင်ဘာလအထိ ၂၅လ ဆက်တိုက် တရုတ်နိုင်ငံရဲ့ အရောင်းရဆုံး အီးဗီ brand ဖြစ်နေခဲ့ပါတယ်။
Hong Guang MiniEV ကို ထုတ်လုပ်တဲ့ SAIC-GM-Wuling Automobile က ဂျပန်ဈေးကွက်မှာလည်း ၎င်းကားမော်ဒယ်ကို ရောင်းချဖို့ စီစဉ်နေပါတယ်။ ဂျပန်မှ ဓာတ်ဆီသုံး မီနီကားများကို ဘက်ထရီသုံး မီနီကားများဖြင့် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Hong Guang MiniEV ကို ဂျပန်ဈေးကွက်မှာ ယန်း 650,000 ($4,400) ဖြင့် ရောင်းချဖို့ အစီအစဉ် ရှိပါတယ်။
ဂျပန်ပြည်တွင်းဖြစ် မီနီကားများ ရောင်းဈေးရဲ့ တစ်ဝက်အောက်မှာ ရှိတဲ့ ဈေးနှုန်း ဖြစ်ပါတယ်။
Hong Guang MiniEV က ခရီးတာ ၁၂၀ ကီလိုမီတာအထိ သွားနိုင်ပါတယ်။ မြို့တွင်း ခရီးတိုများ သွားလာဖို့ လုံလောက်ပါတယ်။
SAIC-GM-Wuling ကို ဂျပန်ဈေးကွက်ထဲ ရောင်းချဖို့အတွက် သုတေသန လုပ်ဖို့ တိုကျိုအခြေစိုက် Apatech Motors ကို ငှားရမ်းထားပါတယ်။
.
အကြမ်းဖျင်းအားဖြင့် ခြောက်လကြာ စျေးကွက်စစ်တမ်းကောက်ယူမှုတွင် ဝန်ထမ်းတစ်ဦးစီအား Hong Guang MiniEV တစ်စီးစီ အလကားပေးဖို့ စိတ်ကူးရှိတဲ့ အိမ်ခြံမြေကုမ္ပဏီတစ်ခုကို မြို့ငယ်တစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။ ဝန်ထမ်းများ အလုပ်တက်ဆင်းဖို့ ဘတ်စ်ကားခ ပေးရခြင်း၊ အလုပ်ကိစ္စဖြင့် သွားလာရန် ကုမ္ပဏီက ကားစီစဉ်ပေးရခြင်တို့အတွက် ကုန်ကျတဲ့စရိတ်စကများထက် ကားတန်ဖိုးက သက်သာနေလို့ ဝန်ထမ်းတွေကို ကားတစ်စီးစီ အလကားပေးဖို့ ဆန္ဒရှိတာဖြစ်ကြောင်း Apatech Motors ဥက္ကဋ္ဌ Sun Feng က ပြောကြားပါတယ်။
.
ဂျပန်မှာ Hong Guang MiniEV ရောင်းချဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းကိစ္စများကို SAIC-GM-Wuling က ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် နွေဦးပေါက်တွင် အများသူငှာ လမ်းများပေါ် Hong Guang MiniEV ကို အသုံးပြုဖို့ ခွင့်ပြုချက်လက်မှတ် ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။
.
SAIC-GM-Wuling က တရုတ်ပြည်တွင်းဈေးကွက်မှာ Hong Guang MiniEV စီးရေ ၉ သိန်းနီးပါး ရောင်းချခဲ့ပြီးပြီ ဖြစ်ပါတယ်။
Source Asia Nikkei
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U