နိုင်ငံခြားသား ယာဉ်မောင်းများကို ၅ နှစ်ဗီဇာပေးရန် ဂျပန် စီစဉ်


နိုင်ငံခြားသား ယာဉ်မောင်းများကို ၅ နှစ်ဗီဇာပေးရန် ဂျပန် စီစဉ်


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဂျပန်သည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းအပါအဝင် ကဏ္ဍလေးခုကို  နိုင်ငံခြားကော်လာပြာ ကျွမ်းကျင်လုပ်သား ဗီဇာစာရင်းတွင် ထည့်သွင်းပြီး ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့် ငါးနှစ်အထိ ပေးအပ်ရန် ပြင်ဆင်နေကြောင်း အစိုးရသတင်းရင်းမြစ်များက ပြောကြားသည်။

 

၎င်းကဏ္ဍ လေးခုမှာ 

• ကုန်းလမ်းပို့ဆောင်ရေးကဏ္ဍ

• ရထားကဏ္ဍ

• သစ်တောကဏ္ဍ

•  သစ်လုပ်ငန်းကဏ္ဍ

တို့ ဖြစ်ပါသည်။ 

 

ကုန်းလမ်းပို့ဆောင်ရေးကဏ္ဍတွင် ဘတ်စ်ကား၊ တက္ကစီနှင့် ထရပ်ကား ယာဉ်မောင်းများ အကျုံးဝင်ပါသည်။

 

No. 1 visa အမျိုးအစား လျှောက်ထားသည့် နိုင်ငံခြားသားသည် သက်မွေးအလုပ် ကျွမ်းကျင်မှု စစ်ဆေးသည့် စာမေးပွဲ အောင်မြင်ရမည် ဖြစ်ပြီး ချက်ချင်း အလုပ်စလုပ်နိုင်ရန် ဂျပန်ဘာသာစကား တတ်ကျွမ်းသူ ဖြစ်ရမည်။ 

 

 No. 2 visa ရရှိသူသည် ဗီဇာနှင့် အလုပ်လုပ်ခွင့် ပါမစ်တို့ကို အကြိမ်ရေ အကန့်အသတ်မရှိ သက်တမ်းတိုးနိုင်သည့်အပြင် အိမ်ထောင်ဖက်နှင့် သားသမီးတို့ကို ဂျပန်သို့ ခေါ်ထားခွင့် ရရှိသည်။

 

၂၀၂၃ ခုနှစ် နိုဝင်ဘာလကုန်တွင် No. 1 visa ကိုင်ဆောင်ထားသူ ၂ သိန်းဝန်းကျင်ရှိပြီး No. 2 visa ရရှိသူ ၂၉ ဦးမျှသာ ရှိပါသည်။

 

Source KYODO


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 197 times