ဓာတ်ဆီအသုံးပြုသည့် မော်တော်ကား တင်ပို့ရောင်းချမှုကို လျော့ချရန် ဂျပန်နိုင်ငံ ပြင်ဆင်နေ


ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန (METI) သည် ဓာတ်ဆီကို အသုံးပြု မောင်းနှင်သည့် မော်တော်ယာဉ်များအစား အခြား စွမ်းအင်များ အသုံးပြုမောင်းနှင်သည့် မော်တော်ယာဉ်များကို အစားထိုး တင်ပို့ရောင်းချသွားရန် ပြင်ဆင်နေကြောင်းသိရပါသည်။

ဂျပန်နိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ ပိုမိုစိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်ဖြစ်ပေါ်စေရေး ကြိုးပမ်းလျက်ရှိနေရာ ဓာတ်ဆီသုံး မော်တော်ယာဉ်များ တင်ပို့ ရောင်းချမှုကို ၂၀၃၀ ပြည့်နှစ်ခန့် နောက်ဆုံးထား၍ လျော့ချသွားရန် စီစဉ်နေကြောင်း သိရပါသည်။

ဂျပန်ဝန်ကြီးချုပ် Mr. Yoshihide Suga မှ ၂၀၅၀ ပြည့်နှစ်အရောက်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုပမာဏကို “သုည” အဆင့်ထိ လျော့ချ သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ပြီး (METI) ဝန်ကြီးဌာနမှလည်း ကျွမ်းကျင်သူပညာရှင်များအဖွဲ့နှင့် ဆွေးနွေးမှုများ ဆောင်ရွက်ကာ ၂၀၂၀ ပြည့်နှစ်အကုန်တွင် ၎င်းတို့၏ ရည်မှန်းချက်များ တရားဝင်ချမှတ်ဆောင်ရွက်နိုင်ရန် ပြင်ဆင်နေပါသည်။

ကမ္ဘာ့နိုင်ငံများအနေဖြင့် ဗြိတိန်နိုင်ငံသည် ဓာတ်ဆီနှင့် ဒီဇယ်သုံးမော်တော်ယာဉ်များကို ၂၀၃၀ ပြည့်နှစ်နှင့် Hybrid မော်တော်ကားများကို ၂၀၃၅ ခုနှစ်နောက်ဆုံးထား၍လည်းကောင်း၊ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ရုပ်ကြွင်းလောင်စာအသုံးပြုသည့် မော်တော်ကားများရောင်းချမှုကို ၂၀၃၅ ခုနှစ်နောက်ဆုံးထား၍လည်းကောင်း၊

ပြင်သစ်နိုင်ငံတွင် အဆိုပါမော်တော်ယာဉ်များ ရောင်းချမှုကို ၂၀၄၀ ပြည့်နှစ် နောက်ဆုံးထား၍လည်းကောင်း အသီးသီး လျော့ချသွားရန် စီစဉ်နေကြကြောင်း သိရပါသည်။

Myan Trade

Read 458 times