ဂျပန် Automobile Industry နဲ့ မြန်မာ


ကျွန်တော့်အတွက် ဂျပန် ဆိုတာအမြဲတမ်း မဟုတ်ရင်တောင် ဒုတိယအနေချင်ဆုံးနေရာထဲပါပါတယ်။ Japan တွေရဲ့ Lifestyle, Culture တွေကြောင့်အဓိကမဟုတ်ပါဘူး။ ကျွန်တော်ကြိုက်တဲ့ကားတွေအားလုံးဟာ ဂျပန်မှာတစ်စုတစ်စည်းတည်းရှိနေလို့ပါပဲ။

တစ်မျိုးပြောရရင် ဂျပန်ရဲ့ Automobile Industry ဟာတစ်ကမ္ဘာလုံးမှာ လွတ်လပ်မှုအရှိဆုံး နဲ့ တစ်ဖက်ပိတ်အမြတ်စား၊လက်ဝါးကြီးအုပ် မူဝါဒတွေမရှိလို့ပါပဲ။

 

ဂျပန်မှာ ကိုယ်ကြိုက်တဲ့ကား ပိုက်ဆံရှိအခွန်ဆောင်နိုင်ရင် လွန်ခဲ့တဲ့ နှစ်၆၀လောက်ကကားလဲ တခြား Europe, US ကနေ ဘယ်မောင်း/ညာမောင်းမရွေးသွင်းစီးလို့ရပါတယ်။ Insurance, Carbon Emission ဒဏ်ကြေးခတော့ရှယ်ပေးရမှာပေါ့။ ဂျပန် မှာ ဘာလို့တနေချင်လဲကြည့်ရအောင်။

 

စစချင်းပြောရမယ်ဆို JDM တွေ။ JDM ဆိုတာ Japanese Domestic Market/ Japanese Domestic Motor စသဖြင့်အမျိုးမျိုးခေါ်ပါတယ်။ အဓိက ကတော့ ဂျပန် ပြည်တွင်းမှာပဲရောင်းတဲ့ကားတွေပေါ့။ ကားချင်းတူရင်တောင် JDM တွေက Export version တွေထက်ပိုကောင်းပါတယ််၊ Brand newလဲထုတ်မရောင်းပါဘူး။ ဥပမာ ပေးရမယ်ဆို Alphard ကိုကြည့်ပါ။ JDM Alphard နဲ့ ဘယ်မောင်း Alphard Executive Lounge ချင်းတူရင်တောင် ကွဲပါတယ်။

 

JDM မှာဆို ကားရဲ့ Exterior မှာ Brand newဝယ်ကတည်းက Modellista ဆိုတဲ့ Companyက Body Kitတွေနဲ့ တစ်ခါတည်း စက်ရုံကတည်းကဒီရုပ်လိုချင်တယ်ဆိုပြီးဝယ်လို့ရပါတယ်။ ပြီးတော့တခြားနိုင်ငံမှာဆို ToyotaကOptional Featureတွေမပေးတဲ့ Equipment တွေတောင်ရှိပါသေးတယ်။

 

Interior မှာဆိုလဲ တခြားနိုင်ငံမှာမရသလို Interior Leather/Fabric အပြင် ခုံအရောင်ကိုမှ ကျွန်းခွက် (Wood Trim) choice တွေပါ ပိုပြီရွေးစရာတွေများပါတယ်။ Infotainment System ဆိုလဲ Original အမြုပ် TV ဆို ပိုကြီးပါတယ်။ Infotainment System ကိုက JDM version နဲ့ Export version ဆို မိုးနဲ့မြေ လိုကွာပါတယ် Alphard မှာ။ JDM ဆို SoftwareကလုံးဝOptimizeလုပ်ထားတာပါ။ Export version ဆိုစုတ်ချာနေတာ ဘာFunctionကလိစရာ မပါဘဲ သုံးကြည့်မှသိပါမယ်။

 

ပြီးတော့ တချို့ကားတွေမှာဆို Engine Choice ပိုရှိပါတယ်။ Harrier ဆို Japan မှာ 2.0 အပြင် 2.5 Hybrid ပါရပါတယ်။ ခု Harrier ကိုဘယ်မောင်း version Venza ဆိုပြီးရောင်းပါတယ်။ ဒါမယ့် 2.5 Hybrid နဲ့ပဲရောင်းပါတယ်။ 2.0 နဲ့ ထုတ်မရောင်းပါဘူး။ ကျန်တဲ့အပိုင်း JDM တွေမှာ ပြောတာတော့ အောက်ပိုင်း၊ သံချေး ကကြာရင် Thai madeထက် ပိုအကြမ်းခံတာ သိသာတယ်ပြောပါတယ်။ နောက် Japan မှာပဲရတဲ့ Kei Car ဆိုပြီး 660cc ကားလေးတွေလဲရှိပါတယ်။

 

JDM Exclusive ကားတွေဆို Toyota Century, Crown ကထိပ်ဆုံးကပေါ့။ Overall ပြောရရင် Japan ကားဆို JDM version ကအကောင်းဆုံးပါ။ ဒါငြင်းမရတဲ့အချက်ပါ။ Russia, Australia, Singapore, Malaysia, Indonesia မှာ JDM used တွေခုထိသွင်းစီးတုန်းပါ။ နောက်တစ်ချက်က ဘယ်မောင်း/ညာမောင်း လွတ်လပ်စွာ ဝယ်ယူမောင်းနှင်ခွင့်ရှိပါတယ်။ ဂျပန်က ညာမောင်းကားတွေကိုလက်ဝဲဖက်မှာ မောင်းပါတယ်။

 

ဒါပေမယ့် ဘယ်မောင်းကားတွေလဲ တရားဝင်ပေးသွင်းပါတယ်။ Mercedes-Benz, BMW, Chevrolet, Cadillac, Audi, Porsche, Lamborghini, Ferrari အစရှိတဲ့ Japan ကားမဟုတ်တဲ့ ကားတွေဆို ဘယ်မောင်းစီးကြပါတယ်။ Showroom တွေကိုယ်တိုင်လဲ ဘယ်မောင်းကိုOfficialရောင်းတာပါ။ ညာမောင်း၊ ဘယ်မောင်း ကိုကြိုက်တာဝယ်လို့ရပါတယ်။ ဂျပန် Tokyo မှာ ဘယ်မောင်းကား တွေတွေ့ရင် အထူးအဆန်းမဟုတ်ပါဘူး။ ဘယ်မောင်းမရှိပါဘူးလို့ပြောရင် https://www.yanase.co.jp/sp/ < ဒီ Websiteမှာကားတွေကိုဘယ်မောင်းရောင်းနေတာသွားကြည့်နိုင်ပါတယ်။

 

jpcenter.ru မှာ Mercedes-Benz တွေ့ထဲမှာ ဘယ်မောင်းတွေရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲအရင်က Mercedes-Benz W140 E190ကို ဘယ်မောင်းကို YANASE JAPAN ကဝယ်ပြီးသွင်းတာပါ။ ခုမြန်မာပြည်ကို R နံပါတ်မှ ရောက်လာတဲ့ G-Wagon အဖြူတစ်စီးတောင် Yanase Japanကသွင်းလာတာပါ။ တချို့ဂျပန် တွေကိုယ်တိုင်ကလဲ German car ကို ဘယ်မောင်းစီးရတာ ညာမောင်းထက် ပိုပြီး Prestigious & Authentic ဖြစ်တယ်ဆိုပြီး စီးကြတာပါ။ ဒါမယ့် အများစုကတော့ ညာမောင်းနိုင်ငံမှာ ဘယ်မောင်းထက် ညာမောင်းတွေကတော့ လမ်းမပေါ်မှာ ပိုတွေ့ရမှာ ပါပဲ။

 

*အဲ့ဒါကြောင့် ကျွန်တော်ပြောချင်တာကတော့ မြန်မာပြည်မှာ ညာမောင်းကားတွေက Lane System နဲ့ မကိုက်လို့ Safety Reasons, Accidents တွေပိုဖြစ်တယ်ဆိုပြီးပြောရင် အဲ့လူဟာလက်တွေ့နဲ့ဝေးကွာနေလို့ပဲဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ဟိုးယခင်/လက်ရှိ ဘယ်မောင်း/ညာမောင်း နှစ်မျိုးလုံးစီးနေတာပါ(JDM ပွဲစားထင်နေမှာစိုးလို့)။ လက်တွေ့မှာ ကား Accidents တွေက ဘယ်မောင်း/ညာမောင်းကြောင့်မဟုတ်ဘဲ မောင်းတဲ့သူပေါ့ဆမှု၊ တတ်ကျွမ်းမှု မရှိလို့ပါ။ အဓိက ကတော့ Law Enforcement နဲ့ Driving License တွေကိုကျပ်ကျပ်မတ်မတ် လုပ်ရမှာပါ။ ဘယ်မောင်း/ညာမောင်းဆိုတာထက် အဓိကကတော့ Driver တစ်ယောက်ရဲ့ စည်းကမ်းလိုက်နာမှုတွေ အရေးယူမှုတွေထိရောက်အောင်လုပ်ရမှာပါ။

 

Public Transportation Vehicle, Trucks တွေကို ဘယ်မောင်း Standardization ကတော့လုပ်သင့်ပါတယ်။ Accident ရဲ့ Impact ကသူတစ်ဦးအပြင် လူပေါင်းများစွာ ရဲ့ အသက်တွေပါပါတယ်။ တစ်ဦးချင်းစီးတဲ့Passenger Vehicle ကတော့ ဘယ်/ညာ မောင်း ပေးထားလဲ ကိစ္စမရှိပါဘူး။ဘယ်မောင်း က Lane system အရကိုက်ပြီး Highway မှာပိုကောင်းတာ အမှန်ပါ။

 

ဒါပေမယ့် တချို့ Car Enthusiasts တွေအတွက် Collection car တွေက ညာမောင်းပဲရတဲ့ကားတွေရှိပါတယ်။ Toyota Century, Crown, Nissan R-34, Mazda RX-7 တို့လိုကားတွေပါ။ အဲ့လိုကားတွေကျတော့ ပိုက်ဆံရှိတိုင်း ဝယ်မရတဲ့ပုံဖြစ်နေပါတယ်။ လိုတဲ့ အာမခံကြေး၊ ဒဏ်ကြေးတွေ နဲ့ရှယ်ကောက်ရင် ဝယ်ပြီးစီးမယ့်သူ တွေနဲ့ အစိုးရလဲ Taxပိုရနဲ့ ကျွန်တော်သာဆို Insurance Company ထောင်ပြီး ညာမောင်းကားတွေအတွက် Compulsory Insuranceဆိုပြီး Policy Maker တွေနဲ့ ပေါင်းပြီး လုပ်စားနေပါပြီ။

 

ကျွန်တော့်အတွက် က ဘယ်မောင်းကားကခုလဲရှိသလို နောက်စီးရလဲကိစ္စမရှိပါ။ ညာမောင်းကို အကုန်မဖွင့်ရင်တောင် Collection အနေနဲ့ Century နဲ့ Crown ကို ပေးသွင်းရင်ကျေနပ်ပါပြီ။ ဒီလိုဘယ်/ညာ ပေးသွင်းတာဂျပန်တစ်ခုတည်းမဟုတ်ပါဘူး။ US, UK, EU, AU, Africa, Thai အပြင် SEA နိုင်ငံတချို့တောင်ရပါတယ်။ မြန်မာပြည်မှာညာမောင်းကြောင့်ယာဉ်တိုက်မှုပိုဖြစ်ပွားတယ်ဆို UK ကိုနေ့တိုင်းဝင်ထွက်နေတဲ့EU ကထောင်ချီတဲ့ဘယ်မောင်း ကားတွေTruckတွေ နေ့တိုင်း လက်ဝဲဖက်မှာ Lane system အမှားနဲ့ Daily Transportation လုပ်နေကြတာ မမေ့ပါနဲ့။

 

မြန်မာပြည်လဲ လွတ်လပ်စွာ Automobile Industry ကြီးကိုခွင့်ပြုထားရင်တော့ Car Enthusiasts တို့ရဲ့ နိဗ္ဗာန် တစ်ဖွယ်ဖြစ်နေမှာပါပဲ။

 

ကူးရား-Car Crazy

Read 16751 times