Japan Airlines ကားပျံ ပြေးဆွဲရန် ပြင်ဆင်


Japan Airlines (JAL) က ကားပျံ ထုတ်လုပ်ရေး လုပ်ငန်းများနှင့် လက်တွဲလိုက်ပါတယ်။

Japan Airlines က အိုင်ယာလန်မှ လေယာဉ်အငှားလုပ်ငန်း Avolon Holdings နှင့်အတူ ဂျပန်နိုင်ငံမှာ ကားပျံလုပ်ငန်း လုပ်ကိုင်မှာ ဖြစ်ပါတယ်။

သဘောတူညီချက်အရ ထောင်လိုက် တက်ဆင်း လျှပ်စစ်မော်တော်ယာဉ် electric vertical takeoff and landing (eVTOL) အစီး ၅၀ ဝယ်ယူခွင့် သို့မဟုတ် ငှားရမ်းခွင့် ရရှိမှာ ဖြစ်ပါတယ်။ ကားပျံတွေကို ယူကေအခြေစိုက် Vertical Aerospace Group မှ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။
JAL က နောက်ထပ် eVTOL အစီး ၅၀ ထပ်မံ ဝယ်ယူလိုပါက ဝယ်ယူခွင့် ရရှိမှာ ဖြစ်ပါတယ်။

JAL က နောက်ထပ် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ကြေညာရာမှာ ဂျာမန် လေကြောင်းတက္ကဆီလုပ်ငန်း Volocopter ထံမှာ ကားပျံနဲ့ ဒရုံး အစီး ၁၀၀ ဝယ်ယူဖို့ အမှာစာ ပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ JAL က Volocopter ရဲ့ ရှယ်ယာ ဝယ်ယူခဲ့ပါတယ်။
Volocopter က ကားပျံများနှင့် ဒရုံးများ အပါအဝင် အခြားစက်ပစ္စည်းများ ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

JAL က ၂၀၂၅ ခုနှစ်မှာ ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ကျင်းပမယ့် World Expo မတိုင်ခင်မှာ ယာဉ်ပျံတွေ လက်ခံရယူပြီး ပြပွဲကာလမှာ စီးကြည့်ချင်သူတွေကို ပေးစီးဖို့ ရည်ရွယ်ချက် ရှိပါတယ်။

JAL က လေကြောင်းပျံသန်းမှု နယ်ပယ်မှာ ကျွမ်းကျင်ပြီးသား ဖြစ်တဲ့အတွက် ၂၀၂၅ ဘဏ္ဍာရေးနှစ်မှာ ကားပျံများဖြင့် ပို့ဆောင်ရေးဝန်ဆောင်မှု စတင်ဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။

ပြိုင်ဘက် လေကြောင်းလိုင်း All Nippon Airways ရဲ့ မိခင်လုပ်ငန်း ANA Holdings ကလည်း အလားတူ ဝန်ဆောင်မှုများကို ၂၀၂၅ ဘဏ္ဍာရေးမှာ စတင်ဖို့ ရည်ရွယ်ထားပါတယ်။

ဂျပန်အစိုးရအနေဖြင့် ၂၀၃၀ ပြည့်နှစ်နောက်ပိုင်းမှာ မြို့တွင်းသယ်ယူပို့ဆောင်ရေးမှာ ကားပျံတွေ အသုံးပြုဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေ ဉပဒေတွေ ရေးဆွဲနေပါတယ်။

 

asia.nikkei.com

Read 414 times