အမေရိကန်ပြည်တွင်း အီးဗီထုတ်လုပ်ရေး မြှင့်တင်ရန် အစိုးရအစီအစဉ်ကို ဂျပန်အစိုးရဝေဖန်ကန့်ကွက်


အမေရိကန်ပြည်တွင်း အီးဗီထုတ်လုပ်ရေး မြှင့်တင်ရန် အစိုးရအစီအစဉ်ကို ဂျပန်အစိုးရဝေဖန်ကန့်ကွက်

ဂျပန်အစိုးရသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ငွေကြေးဖောင်းပွမှုလျှော့ချရေးအက်ဥပဒေ  Inflation Reduction Act IRA မှတစ်ဆင့် လျှပ်စစ်ကား ဝယ်စီးသူများကို အထောက်အပံ့ ပေးအပ်ရန် အစီအစဉ်ကို သတိပေးထားသည်။
.
သုံးမျက်နှာ ရှိသည့် ကန့်ကွက်စာတွင် အမေရိကန်နှင့် ဂျပန်တို့သည် မဟာမိတ်များ ဖြစ်ကြောင်း ဖော်ပြချက် ၉ ကြိမ် ပါသည်။ ဂျပန်ကားလုပ်ငန်းများသည် အမေရိကန်တွင် ရင်းနှီးမြှုပ်နှံပြီး ကားများ ထုတ်လုပ်နေသည်မှာ နှစ်ပေါင်း ၄၀ ကျော်ပြီဟု သမ္မတဂျိုးဘိုင်ဒင်ကို သတိရအောင် ပြောပြထားသည်။ 
.
အဆိုပါ အထောက်အပံ့ အစီအစဉ်သည်  အမေရိကန်ရှိ ဂျပန်ကားထုတ်လုပ်သူများအဖို့ ကြောင့်ကြစရာ ဖြစ်နေပြီး ရင်းနှီးမြှုပ်နှံမှု ပြုရန် နောက်တွန့်နေစေလိမ့်မည်ဟု ဆိုသည်။ 
ဂျပန်ကားထုတ်လုပ်သူများအဖို့ အီးဗီတစ်စီး ဝယ်ယူတိုင်း ကန်ဒေါ်လာ ၇,၅၀၀ ထောက်ပံ့ပေးမည့် ၎င်းအစီအစဉ်ကြောင့် အီးဗီမဟုတ်သည့် ဂျပန်ကားများ အရောင်းထိုင်းသွားမည့် အရေး ရှိနေသည်။ 
.
ဂျပန်ကားထုတ်လုပ်သူ  Toyota Motor သည် အရောင်းပမာဏအရ ကမ္ဘာ့နံပါတ်(၁) ဖြစ်ပြီး  ၂၀၂၁ ခုနှစ် တစ်နှစ်တာ ရောင်းချသည့် စီးရေ ၁၀ သန်းတွင် ၂.၅ သန်းသည် အမေရိကန်ဈေးကွက်တွင် ရောင်ချသည်။ ၂၀၂၁ တွင် ကမ္ဘာတစ်လွှား ရောင်းချခဲ့သည့် အီးဗီစီးရေမှာ ၁၄,၄၀၇ မျှသာ ရှိသည်။ 
.
အီးဗီထုတ်လုပ်ရန် အတွက် ကုန်ကြမ်းဖြစ်သော သတ္တုထုတ်ယူခြင်းမှ ကားများ ထုတ်လုပ်မှုအထိ လုပ်ငန်းစဉ်များကို အမေရိကန်နိုင်ငံ ပြည်တွင်းတွင်ဖြစ်စေ‌၊ 
အမေရိကန်နှင့်  လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် လက်မှတ်ရေးထိုးထားသော 
 နိုင်ငံတစ်ခုခုတွင်ဖြစ်စေ ပြုလုပ်မှသာ  အီးဗီသည်  အထောက်အပံ့အတွက် အကျုံးဝင်မည်ဟု  ဥပဒေက ဆိုထားသည်။

တရုတ်နိုင်ငံတွင် ဘက်ထရီစွမ်းအင်သုံး ကားများအတွက် ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ အများစု ရှိနေသဖြင့် ယင်းတို့ထံမှ ရယူပြီး ထုတ်လုပ်သော အီးဗီများသည် အကျုံဝင်မည် မဟုတ်ချေ။ အမေရိကန်တွင် လည်းကောင်း၊ အမေရိကန်နှင့်  လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် လက်မှတ်ရေးထိုးထားသော  နိုင်ငံများတွင် လည်းကောင်း လိုအပ်သည် ဘက်ထရီအတွက် ကုန်ကြမ်းများ အပါအဝင် ယာဉ်ပစ္စည်းများ မရနိုင်ချေ။ သို့ဖြစ်ရာ  IRA  ဥပဒေသည် ပေးကားပေး၏ မရ ဖြစ်နေသည်။ 
ထိုအချက်ကို တောင်ကိုရီးယားနှင့် ဥရောပတို့မှ ကားထုတ်လုပ်သူများက ကန့်ကွက်ထားကြသည်။
Source reuters
 

Read 337 times