တရုတ်နိုင်ငံမှာ ပေါင်သန်း ၃.၄ ဘီလီယံ အရှုံးပေါ်နေတဲ့ Jagur Land Rover


Jagur Land Rover ဟာ ၂၀၁၈ ခုနှစ်ရဲ့ နောက်ဆုံး ၃ လမှာ ပစ္စည်းထုတ်လုပ်မှုနဲ့ အခြားရင်းနှီးမြှုပ်နှံမှုတွေကို ပေါင်သန်း ၃.၁ ဘီလီယံထိလျှော့ချခဲ့သော်လည်း ၄လပတ်တာကာလမှာ ပေါင်သန်း ၃.၄ ဘီလီယံအထိ အရှုံးပေါ်နေခဲ့ပါတယ်။

စည်းမျဉ်းစည်းကမ်းတင်းကျပ်မှုတွေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်သတ်မှတ်ချက် စတာတွေကို ကားထုတ်လုပ်သူတွေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါကြောင့်လည်း JLR အနေနဲ့ အဆိုပါ ၄လပတ်တာမှာ ကားရောင်းအားဟာ ၁၅၄,၄၄၇ ကနေ ၁၄၄,၆၀၂ ထိကျဆင်းခဲ့တာကြောင့် ငွေကြေးပိုင်းမှာလဲ ပေါင်သန်း ၆.၃ ဘီလီယံ ကနေ ၆.၂ ဘီလီယံထိလျော့ကျခဲ့ပါတယ်။

ဗြိတိန်နဲ့မြောက်အမေရိကန်နိုင်ငံတွေမှာ တတိယ ၄ လပတ်တာရဲ့ရောင်းအားဟာကောင်းမွန်ခဲ့ပါတယ်။ သို့သော်လည်း တရုတ်နိုင်ငံမှာ ဈေးကွက်အတွင်းစိန်ခေါ်မှုတွေ ရှိနေတာကြာင့် ပေါင်သန်း ၂၇၃ မီလီယံထိ အရှုံးပေါ်ခဲ့ပြီး ထောင်ဂဏန်းရှိတဲ့ အလုပ်သမားတွေဟာလဲ အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။

အိန္ဒိယအခြေစိုက် Tata Motors ပိုင် Jaguar Land Rover ရဲ့ diesel-powered အင်ဂျင်မော်ဒယ်ဟာ Europe မှာရောင်းအားကျဆင်းလာတဲ့အတွက် အနာဂတ်မှာပိုမိုအကျိုးအမြတ်ရရှိဖို့ ပြန်လည်ပြင်ဆင်ထုတ်လုပ်မှုတွေကို အဓိကထားလုပ်ဆောင်သွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

Author-A.P.T

AutomobileDirectory

Read 943 times