အလိုအလျောက်မောင်းနှင်သည့်ကားထုတ်မည့် Jaguar ကားကုမ္ပဏီ


ဂျာဂွား (Jaguar) ကားကုမ္ပဏီဟာ အနာဂတ်အတွက် ခေတ်ရှေ့ပြေးပုံစံသစ်နဲ့ အလိုအလျောက်မောင်းနှင်နိုင်တဲ့ ကားကို ထုတ်လုပ်တော့မှာဖြစ်တယ်။

၂၀၄၀ ခုနှစ်မှာ သုံးစွဲသူတွေရဲ့လက်ထဲကို ရောက်ရှိလာတော့မှာ ဖြစ်တယ်။မောင်းနှင်တဲ့သူမပါဘဲ အလိုအလျောက်မောင်းနှင်နိုင်တာဖြစ်ပေမဲ့ ယဉ်မောင်းနှင်သူတစ်ဦးက

ထိန်းချုပ်မောင်းနှင်မယ်ဆိုရင်လည်း မောင်းနှင်နိုင်ဖို့ စတီယာရင် ပါရှိပါတယ်။

အဲသည် စတီယာရင်လက်ကိုင်ဟာ Artifical Intelligence အသိဉာဏ်ကို ကွန်ပျူတာနဲ့ စီစဉ်တုပထားတဲ့အတွက် လှုပ်ရှားမူတွေကို အသံနဲ့ စေခိုင်းနိုင်တယ်။လူသုံးယောက်

လိုက်ပါစီးနင်းနိုင်ပြအီး ထိုင်ခုံတွေကို စိတ်ကြိုက်အနေအထားစီစဉ်နိုင်တယ်။မျက်နှာချင်းဆိုင် စီးနင်းရမှာဖြစ်ပြီး လိုက်ပါစီးနင်းသူတွေထဲက တစ်ယောက်က ယဉ်ကို ထိန်းချုပ်ရမှာပါ။

မိမိတို့ သါားလိုတဲ့နေရာကို ညွှန်ကြားရုံသာဖြစ်ပြီး မတော်တဆ ယဉ်တိုက်မူတွေမဖြစ်စေအောင် ယာဉ်ရဲ့မောင်းနှင်မူပုံစံအမျိုးမျိုးနဲ့ အလိုအလျောက်မောင်းနှင်ပေးနေမှာဖြစ်ပါတယ်။

ကားရဲ့ပုံစံက အလျားရှည်ပြီး အနံကျဉ်းမြောင်းတယ်။ခြေထောက်ချနိုင်ရုံသာဖြစ်ပေမဲ့ အတွင်းခန်းကို သကိသောင့်သက်သာဖြစ်စေဖို့ စီမံပေးထားတယ်။Artifical Intelligent (AI) စတီယာရင်ဝှီးလ်ရဲ

့လုပ်ဆောင်ချက်တွေဟာ ဂျာဂွားရဲ့အနာဂတ်ခေတ်ရှေ့ပြေးကားရဲ့အဓိက သော့ချက်ဖြစ်တယ်။၂၀၁၄ မှာဂျာဂွားရဲ့ ပရိုဂရမ်တစ်ခုကို ကားဝါသနာရှင်တွေ စောင့််ကြည့်ရဦးမှာဖြစ်ပါတယ်။

 

Read 597 times