Jaguar I-Pace ဘက်ထရီ မီးလောင်မှု စတုတ္ထအကြိမ်ဖြစ်ပွား


Jaguar I-Pace ဘက်ထရီ မီးလောင်မှု စတုတ္ထအကြိမ်ဖြစ်ပွား

Jaguar I-Pace ဘက်ထရီ ကားဂိုဒေါင်တွင်  အားသွင်းပြီးနောက် မီးလောင်ပေါက်ကွဲခဲ့ပါတယ်။ Jaguar I-Pace ဘက်ထရီ မီးထလောင်တာ ၄ ကြိမ် ရှိသွားပြီလို့ သတင်းမီဒီယာများ သတင်းဖော်ပြကြပါတယ်။  Jaguar I-Pace  စီးရေ များများစားစား ရောင်းချထားခြင်း မရှိဘဲ ယခုလို စီးရေအနည်းငယ်မှာ ဘက်ထရီ မီးထလောင်တာ ၄ ကြိမ် အထိ ရှိလာပြီ ဖြစ်တဲ့အတွက် အရေးယူဆောင်ရွက်မှုဖြင့် ကိုင်တွယ်ဖြေရှင်းပေးသင့်နေပြီလို့လည်း ဝေဖန်အကြံပြုကြပါတယ်။ 

 

Jaguar  က LG ဘက်ထရီဆဲလ်ကို သုံးစွဲထားပါတယ်။  LG ဘက်ထရီဆဲလ်ကို General Motors ရဲ့ ကားမော်ဒယ်များ ဖြစ်ကြတဲ့ Bolt EV နှင့်  Kona EV တို့မှာလည်း သုံးစွဲထားပြီး ဘက်ထရီ မီးထလောင်လွယ်တဲ့ပြဿနာကြောင့် ပြန်လည်ခေါ်ယူခဲ့တဲ့အပြင် ယာဉ်ထုတ်လုပ်မှုကိုပါ ယာယီ ရပ်ဆိုင်းပြီး ပြဿနာကို ကိုင်တွယ် ဖြေရှင်းပေးခဲ့ပါတယ်။ 

I-Pace  က Jaguar ရဲ့ ပထမဆုံး ပွဲဦးထွက် အပြည့်အဝ လျှပ်စစ်ကား ဖြစ်ပါတယ်။  ပြိုင်ကားဒီဇိုင်းဖြင့် ၂၀၁၈ မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။  ပြီးခဲ့တဲ့ ၄ နှစ်တာအတွက် မွမ်းမံခြင်း၊ အဆင့်မြှင့်တင်ခြင်းများ မရှိခဲ့ပါဘူး။ 

 

၂၀၂၀ ခုနှစ်မှာ Gonzalo Salazar က 2019 Jaguar I-Pace ကားအသစ်ကျပ်ချွတ်ကို ဖလော်ရီဒါပြည်နယ်မှာ ဝယ်ယူခဲ့ပါတယ်။ ၂၀၂၂ ဇွန်လ မတိုင်ခင်အထိ ပြဿနာ အထွေအထူး မရှိခဲ့ပါဘူး။ ၂၀၂၂ ဇွန်လ ၁၆ ရက် အဖြစ်အပျက်ကို သူက အခုလို ပြောကြားခဲ့ပါတယ်။ 

ဇွန်လ ၁ ၆ ရက်မှာ ကျွန်တော်က အိပ်ရာမဝင်ခင် ပလပ်ထိုးပြီး ကားဘက်ထရီအားသွင်းခဲ့ပါတယ်။ နောက်တစ်နေ့  ဇွန်လ ၁၇ ရက် နံနက်မှာ ကျွန်တော် အိပ်ရာက ထတော့ အားသွင်းထားတဲ့ ပလပ် ဖြုတ်လိုက်တယ်။  ကျွန်တော်က ခရီးတိုတစ်ခုကို I-Pace မောင်းပြီး သွားခဲ့ပါတယ်။ အသွားအပြန်ခရီးက ၁၂မိုင်လောက် ရှိပါတယ်။ အိမ်ပြန်ရောက်တော့ ကားကို အိမ်နဲ့တွဲဆောက်ထားတဲ့ ဂိုဒေါင်ထဲ ရပ်ထားလိုက်တယ်။

 

ဂိုဒေါင်တံခါး ဖွင့်လျက်သား ထားလိုက်တယ်။ အိမ်ထဲမှာ ကျွန်တော် ရှိနေတုန်း အသံ‌ေတွ ကြားတယ်။ အသံလာရာ ကားဂိုဒေါင်ကို သွားကြည့်တယ်။ မီးခိုးထူထူထဲထဲနဲ့ ပက်ပင်းတိုးတယ်။ မီးခိုးတွေ ရှိနေတာ မီးလောင်လို့ ဖြစ်မယ်လို့ ကျွန်တော် ချက်ချင်း သိလိုက်တယ်။ ကျွန်တော်ကားကို အိမ်ဂိုဒေါင်ထဲကနေ အပြင်ထုတ်ဖို့ လိုတယ်" အိမ်ကို မီးမကူးအောင်၊ အိမ်မှာရှိတဲ့ အိမ်မွေးတိရစ္ဆာန်တွေ မထိခိုက်အောင် Salazar က ကားကို အပြင်ထုတ်ဖို့ လုပ်ပါတယ်။ မီးခိုးတွေ ထွက်နေတဲ့ I-Pace ကို အိမ်ရှေ့ လမ်းပေါ်ရောက်အောင် တွန်းထုတ်နိုင်ခဲ့ပါတယ်။

 

"ကျွန်တော် ဖုန်းယူဖို့ အိမ်ထဲဝင်တော့ ဂိုဒေါင်ထဲက မီးခိုးတွေ အိမ်ထဲရောက်နေတာ တစ်အိမ်လုံး အပြည့်ပဲ။ ဘာလို့လဲဆိုတော့ အဲကွန်းက ဂိုဒေါင်တံခါးဘေးမှာ တပ်ထားတော့ မီးခိုးတွေ အိမ်ထဲ သွင်းပေးနေတယ်။ အိမ်ထဲ လေဝင်အောင် လုပ်ပေးပြီးတဲ့အခါကျမှ ကျွန်တော် Jaguar ဆီ ဖုန်းဆက်ပြီး ကားလာယူဖို့ ပြောတယ်။ ဖုန်းပြောပြီးချိန်မှာ ကားဆီက တဖောက်ဖောက်အသံတွေ ကြားရတော့ ကျွန်တော် မီးသတ် 911 ကို ဖုန်းဆက်ပြီး လာကူဖို့ ပြောတယ်။

 

လောင်နေတာက ဖြည်းဖြည်းချင်း လောင်တာ မဟုတ်ဘူး။ မီးစလောင်တာနဲ့ ဖြိုးဖြိုးဖြောက်ဖြောက် အသံတွေ ကြားနေရတယ်။ ကားကို မီးတောက်မီးလျှံက တမုဟုတ်ချင်း ဝါးမြိုလိုက်တယ်" လို့ Salazar က ပြောပြပါတယ်။ Salazar ရဲ့ အိမ်နီးနားချင်းက ကားကို းတောက်မီးလျှံ ဝါးမြိုနေချိန်မှာ ဖုန်းဖြင့် ဗီဒီယို ရိုက်ခဒ့ပါတယ်။  ဗီဒီယိုကို အောက်ဆုံးမှာ ဖော်ပြပေးထားပါတယ်။ မီးသတ်ဦးစီးဌာနမှ ရောက်လာပြီး အမြှုပ်များဖြင့် မီးငြှိမ်းသတ်ပေးပါတယ်။ မီးငြိမ်းတဲ့အထိ အချိန်အတော်ကြာကြာ ငြှိမ်းပေးပါတယ်။

 

I-Pace မီးထလောင်တာ ၂၀၁၈ နယ်သာလန်မှာ တစ်ကြိမ်၊ ၂၀၂၁ အမေရိကန် အိုရီဂွန်မှာ တစ်ကြိမ်၊ ၂၀၂၁ မှာပဲ ဟန်ဂေရီမှာ တစ်ကြိမ် ဖြစ်ပွားခဲ့ဖူးပါတယ်။ လူသိရှင်ကြား သတင်းထဲ ပါလာတဲ့  ဖြစ်ပွားတာကိုပဲ သာရင်းပြုစုထားတာ ဖြစ်ပါတယ်။ Salazar ရဲ့  I-Pace က စတုတ္ထမြောက် ဖြစ်ပါတယ်။ 

#MyanmarAutomobileGuide 

Telegram Channel https://t.me/Guid4U

Source: electrek.co

 

MAG

Read 480 times