လူအများစိတ်ဝင်စားနေကြသော ဗြိတိန် တော်ဝင်မင်းသားတစ်ပါး၏ Jaguar


မင်္ဂလာဆောင်ပြီးခါစ ပူပူနွေးနွေး ဇနီးမောင်နှံဖြစ်ကြသော Prince Harry နှင့် Meghan Markle တို့သည် မပျက်မကွက် လုပ်ဆောင်ရသော တာဝန်ဝတ္တရားဖြစ်သော

အခမ်းအနားများ တက်ရောက်ရခြင်းကို ပထမဆုံး ပွဲဦးထွက်အဖြစ် မင်းသားကြီး ချားလ်၏ အသက် ၇၀ နှစ်ပြည့် မွေးနေ့ပွဲကို တက်ရောက်ခဲ့ကြသည်။

သူတို့နှစ်ဦးက Ice Blue အရောင်ရှိသော Jaguar E-Type အလန်းစားကားလေးနှင့် စံအိမ်တော်မှ ထွက်ခွာပုံ ဗီဒီယိုကို မီဒီယာများတွင် ကြည့်ကြရပါသည်။

အမိုးဖွင့်၍ ရသော ကားအမျိုးအစားဖြစ်သည့်အလျောက် အမိုးဖွင့်ထားလျက်ဖြင့် မင်းသားဟယ်ရီက မောင်းသွားသည်ကို တွေ့ကြရသည်။

ကားဝါသနာအိုးများက ထိုဂျက်ဂွာကို စိတ်ဝင်တစားဖြင့် နောက်ကြောင်းလိုက်ကြသည့်အခါ ထိုကား၏ သက်တမ်းမှာ နှစ်ပေါင်း ၅၀ ရှိနေကြောင်း သိခဲ့ရပါသည်။

ကားဈေးနှုန်းက ပေါင် ၃၅၀၀၀ (ကျပ်သိန်းပေါင်း ၆၃၅၀) ဖြစ်ပြီး မူလပိုင်ရှင်မှာ Classic Car ဝါသနာအိုးဖြစ်ကာ အမည်မှာ Toby ဖြစ်ကြောင်းသိရပါသည်။

Toby သည် ကင်ဆာဝေဒနာရှင်တစ်ဦးဖြစ်ပြီး ကင်ဆာရောဂါကို ၆ နှစ်တိုင်တိုင် ရင်ဆိုင်ပြီးသည့်နောက်တွင် ကွယ်လွန်သွားခဲ့ပါသည်။

ထိုသူကွယ်လွန်ပြီးသည့်အခါ ကျန်ရစ်သူ မုဆိုးမ Gabriella Crewe-Read က ကားကို ရောင်းချခဲ့ပါသည်။

အဆင့်ဆင့်လက်ပြောင်းပြီးနောက်ဆုံးတွင် မင်းသာဟယ်ရီ၏ လက်ထဲကို ရောက်ရှိချိန်တွင် မူလက တပ်ဆင်ထားသော အင်ဂျင်အစား မီးခိုးမထွက်သော လျှပ်စစ်ကား စစ်စစ်ဖြစ်နေပြီး ကားနံပါတ်ကို အသစ်ထုတ်ပေးခဲ့ပါသည်။

နံပါတ်၏ အက္ခရာက လျှပ်စစ်ကား Electric Car ကို ရည်ညွှန်းသော E အက္ခရာဖြစ်ပြီး ကိန်းဂဏန်းများမှာ သူတို့ ဇနီးမောင်နှံ လက်ထပ်ခဲ့သော ၁၉ ရက် မေလ ၂၀၁၈ ခုနှစ်ဖြစ်သော 190518 ဖြစ်ပါသည်။

Read 681 times