တရုတ်ကားဈေးကွက် ဘက်ထရီအီးဗီထက် ဟိုက်ဘရစ်အီးဗီ ရေပန်းစား


တရုတ်ကားဈေးကွက် ဘက်ထရီအီးဗီထက် ဟိုက်ဘရစ်အီးဗီ ရေပန်းစား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


QX SUV ၏ ပလပ်ထိုး အားသွင်းသည့် ဘက်ထရီ အင်ဂျင် နှစ်မျိုးစပ် plug-in hybrid (PHEV) ဗားရှင်းအတွက် အမှာစာများကို Chengdu Auto Show မှာ ဩဂုတ် ၂၅ ရက်တွင် စတင်လက်ခံမည်ဖြစ်ကြောင်း JAC Motors မှ  ကြေညာထားသည်။
ဈေးကွက်ထဲသို့ အောက်တိုဘာလတွင်စတင်ရောက်ရှိမည်ဟု မျှော်မှန်းထားသည်။ 

JAC Motors သည် တရုတ်ပြည်တွင် ခေတ်ထနေသော PHEV လှိုင်းလုံးထဲသို့  QX SUV ဖြင့် ပါဝင်လိုက်ခြင်း ဖြစ်သည်။ 

စက်မှုနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ ထုတ်လုပ်ရန် ခွင့်ပြုထားသောမော်တော်ယာဉ်အသစ်များ၏ စာရင်းတွင် ထုတ်ပြန်ထားသည့် အချက်အလက်များအရ JAC Motors ၏ ပထမဆုံး PHEV မော်ဒယ်တွင် plug-in hybrid drive စနစ်ကို BYD ၏ စနစ်ဖြင့် ဗားရှင်း တစ်မျိုး နှင့် JAC ၏စ နစ်ဖြင့် ဗားရှင်း တစ်မျိုး စုစုပေါင်း  ဗားရှင်းနှစ်မျိုးဖြင့် ထုတ်လုပ်မည် ဖြစ်သည်။ 

 

 

စနစ်မတူသော်လည်း သုံးစွဲသည့် အင်ဂျင်မှာ BYD ၏ 1.5 L အင်ဂျင် တစ်မျိုးတည်းကိုသာ သုံးထားသည်။ 81kW အထိ ပါဝါထုတ်ပေးနိုင်စွမ်း ရှိသည်။ 
ဘက်ထရီမှာ Gotion ၏ LNCM ဘက်ထရီ သုံးထားသည်။ 9.71 kWh နှင့် 21.68 kWh နှစ်မျိုးအနက် နှစ်သက်ရာ ရွေးချယ်နိုင်သည်။

ကိုယ်ထည် အတိုင်းအတာမှာ
• အလျား 4,605 mm
• အကျယ် 1,890 mm
• အမြင့် 1,700 mm
• ခါးအလျား 2,720 mm
တို့ ဖြစ်ပါသည်။

QX သည် Sehol အမှတ်တံဆိပ်၏ မော်ဒယ် ဖြစ်သည်။
Sehol အမှတ်တံဆိပ်သည် Volkswagen နှင့် JAC Motors တို့၏ ဖက်စပ်လုပ်ငန်းမှ အသုံးပြုခဲ့သည်။ ဖက်စပ်လုပ်ငန်းမှ Volkswagen နုတ်ထွက် သွားပြီးသောအခါ JAC က Sehol အမှတ်တံဆိပ် အောက်မှာ QX ရောင်းအား ကျေနပ်စရာ မကောင်းခဲ့သဖြင့် QX ကို JAC ၏ QX အဖြစ် ပြန်လည်ထုတ်လုပ်သည်။
  
BYD ၏ PHEV ဖြင့် တရုတ်ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ပြီး ဈေးကွက်ဝေစု ရယူသည့် မဟာဗျူဟာမှာ အကြီးအကျယ် အောင်မြင်နေသည်။ 
 သိုဖြစ်ရာ ကားထုတ်လုပ်သူများသည် လူကြိုက်များသည့် ကားအမျိုးအစား ဖြစ်သော SUV ကို PHEV ဖြင့် ထုတ်လုပ်ကြသည်။
မတ်လတွင် Geely သည် Galaxy စီးရီး တွင် PHEV အငယ်စား SUV S7 ကို ထုတ်လုပ်ခဲ့သည်။
၎င်းမော်ဒယ်သည် ဇူလိုင်လတွင် အစီးရေ ၁၀,၀၀၀ ကျော် ရောင်းချခဲ့ရသည်။
Great Wall Motor က ယခုနှစ်တွင် PHEV မော်ဒယ် ၁၀ မှ ၁၂ ခုအထိ ထုတ်လုပ်မည်ဟု ကြေညာခဲ့သည်။
Changan Deepal က SL03 မော်ဒယ်တွင် S7 range extender ထုတ်လုပ်ခဲ့သည်။
မော်ဒယ် တစ်ခုကို အီးဗီဗားရှင်းနှင့် ပလပ်ထိုး ဟိုက်ဘရစ်အီးဗီ PHEV ဗားရှင်း နှစ်မျိုး ထုတ်လုပ်လေ့ရှိပြီး PHEV ကို ခရီးတာ ဝေးဝေးလံလံသွားနိုင်သည့် range extender အဖြစ် ထုတ်လုပ်ကြပါသည်။ 
 JAC Motors ကလည်း PHEV SUV လှိုင်းလုံးထဲ ပါဝင်လာခြင်း ဖြစ်သည်။

တရုတ်ဈေးကွက်တွင် အီးဗီသည် ခရီးတာ ဝေးဝေးလံလံ မရသဖြင့် မြို့ငယ်များတွင် လူကြိုက်နည်းသည်။ မြို့ကြီးပြကြီးများတွင်သာ အီးဗီကို အစီးများကြသည်။ မြို့ငယ်များတွင် ယွမ် ၁ သိန်း - ၂ သိန်း (USD 14,000-28,000) ဈေးနှုန်း အတိုင်းအတာအတွင်းရှိသော PHEV များကို အဝယ်များကြသည်။

 

တရုတ်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများ အသင်း China Association of Automobile Manufacturers' (CAAM) အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်မှစ၍ PHEV ရောင်းအား တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာရာ၌ အီးဗီ မြင့်တက်သည်ထက် ပိုများသည်။  PHEV ရောင်းအားဝေစုသည် ၂၀၂၀ ပြည့်နှစ်တွင် ၁၀.၂% ရှိခဲ့ပြီး ၂၀၂၃ ပထမနှစ်ဝက်တွင် ၃၀% အထိ မြင့်တက်လာသည်။ 
အီးဗီ ရောင်းအား ကြီးထွားနှုန်းသည် ၃၁.၉% ဖြစ်ပြီး PHEV သည် ၉၁.၁% ဖြစ်သဖြင့် အပြတ်အသတ် ကွာသည်။

 လက်ရှိတွင် တရုတ်ပြည် ပလပ်ထိုး ဟိုက်ဘရစ် အီးဗီ  PHEV စျေးကွက်တစ်ခုလုံးကို ကုမ္ပဏီနှစ်ခုမှ ကြီးစိုးထားသည်။ ၎င်းကုမ္ပဏီ ၂ ခုမှာ BYD နှင့်  Li Auto တို့ ဖြစ်ပါသည်။ 
Source carnewschina
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 735 times