ကားအစီးရေ တနှစ်လျှင် ၁ ဒသမ ၃ သန်း ထုတ်လုပ်နိုင်ရန် ပြည်ပကားလုပ်ငန်းများနှင့် အီတလီ ဆွေးနွေးညှိနှိုင်


ကားအစီးရေ တနှစ်လျှင် ၁ ဒသမ ၃ သန်း ထုတ်လုပ်နိုင်ရန် ပြည်ပကားလုပ်ငန်းများနှင့် အီတလီ ဆွေးနွေးညှိနှိုင်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အီတလီသည် ပြည်ပမှ ကားထုတ်လုပ်သူများအား အီတလီတွင် ကားများ ထုတ်လုပ်စေခြင်းဖြင့်  နှစ်စဉ် ကားအစီးရေ ၁.၃ သန်းကို ထုတ်လုပ်ရန် ရည်မှန်းထားသောကြောင့် Tesla နှင့် တရုတ်ကားထုတ်လုပ်သူ ၃ ဦးတို့နှင့် ဆွေးနွေးနေကြောင်း အီတလီစက်မှုဝန်ကြီး Adolfo Urso က ပြောကြားသည်။

"ကျွန်တော်တို့ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုများ ရရှိပါတယ်"ဟု ၎င်းက ပြောကြားသည်။

 

Fiat နှင့် Alfa Romeo အပါအဝင် အမှတ်တံဆိပ် အတော်များများ ပိုင်ဆိုင်ထားသည့် Stellantis သည် အီတလီနိုင်ငံ၏ တစ်ဦးတည်းသော အဓိက ကားထုတ်လုပ်သူဖြစ်ပြီး ယမန်နှစ်က အီတလီနိုင်ငံတွင် အိမ်စီးကား ၅၂၀,၀၀ နှင့် လုပ်ငန်းသုံးဗင်ကား ၂၃၀,၀၀၀ စုစုပေါင်း ကားအစီးရေ ၇ သိန်းခွဲခန့် ထုတ်လုပ်ခဲ့သည်။

လျှပ်စစ်ဖြင့် မောင်းနှင်ခြင်းသို့ အသွင်ကူးပြောင်းရေးကာလ စိန်ခေါ်မှုများကြားတွင် အီတလီသည် ၎င်း၏ အမျိုးသား မော်တော်ယာဥ်လုပ်ငန်းကို ထိန်းသိမ်းထားရန်အတွက် တစ်နှစ်လျှင် အနည်းဆုံး ကားအစီးရေ ၁.၃ သန်း ထုတ်လုပ်ရန် လိုအပ်ကြောင်း၊ အိမ်စီးကား တစ်သန်းနှင့် ဗင်ကား ၃ သိန်း ထုတ်လုပ်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။ 

အီတလီတွင် ရင်းနှီးမြှုပ်နှံပြီး ကားများ ထုတ်လုပ်ရန် တက်စလာနှင့် လည်းကောင်း၊ တရုတ်ကားကုမ္ပဏီ ၃ ခုနှင့်လည်းကောင်း ဆေ‌ွးနွေးခဲ့ကြောင်း ၎င်းက ပြောကြားသည်။

"အီတလီမှာ ကားအစီးရေ တစ်သန်းကျော် ထုတ်လုပ်ရန် ရည်မှန်းချက်ကို  Stellantis တစ်ခုတည်းဖြင့် မဖြစ်နိုင်ပါဘူး" ဟု ၎င်းက ပြောကြားသည်။

 

Source Reuters 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read 237 times