ဂျပန်နိုင်ငံထုတ် ISUZU ကားများကို ဘဏ်ချေးငွေဖြင့် အရစ်ကျ ဝယ်ယူနိုင်


ဂျပန်နိုင်ငံထုတ်  Isuzu  ကားများကို ဧရာဝတီဘဏ်၊ ရိုးမဘဏ်တို့နှင့် ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့် ပထမဆုံး ၃ဝ ရာခိုင် နှုန်းပေးချေကာ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း Isuzu By MSP  မှ Sale & Marketing Executive  Manager ကိုလင်းသူကျော် ထံမှ သိရသည်။

ဂျပန်နိုင်ငံထုတ်ကားများကို  အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုသူများအတွက် ဘဏ်ချေးငွေဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး ဝယ်ယူသူ အနေဖြင့်   ဝယ်ယူလိုသည့် ကားတန်ဖိုး၏  ၃ဝ ရာခိုင်နှုန်းကို ပထမဆုံး ပေးချေရ မည်ဖြစ်ကာ မိမိတာဝန် ထမ်းဆောင်နေသည့် ကုမ္ပဏီအထောက်အထား စာရွက်စာတမ်းများကို ပေးရမည်ဖြစ်သည်။

ကျန်သည့် ၇ဝ ရာခိုင်နှုန်းကို အရစ်ကျစနစ်ဖြင့် တစ်နှစ် သို့မဟုတ် နှစ်နှစ် သို့မဟုတ် သုံးနှစ် မိမိပေးသွင်းမည့် ကာလကို ဘဏ်နှင့်ညှိနှိုင်းကာ ပေးသွင်းရ မည်ဖြစ်သည်။ အတိုးနှုန်းအနေဖြင့် တစ်နှစ်  လျှင် ၇ ရာခိုင်နှုန်းဖြစ်ပြီး နှစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်းသတ်မှတ်ထားကြောင်း သိရသည်။ ''ဂျပန်နိုင်ငံက   တိုက်ရိုက်လာတာပါ။ ကားမှာပါတဲ့ ပစ္စည်းတွေအားလုံး ဂျပန်ပစ္စည်းတွေပါ။ ဂျပန်နိုင်ငံက တင်သွင်းတာကြောင့် ကားရဲ့ကြံ့ခိုင်မှုက ကောင်းမွန်ပြီး ဆီစားနှုန်းလည်း  သက်သာပါတယ်။ လက်ရှိ ဝယ်ထားတဲ့ သူတွေရဲ့ကားတွေက    ပျက်တာနည်းတယ်။

တခြားကားတွေထက် Isuzu ကားတွေက ကုန်ကျစရိတ် သက်သာပါတယ်'' ဟု ကိုလင်းသူကျော်ကပြောသည်။ Isuzu    လုပ်ငန်းသုံး ယာဉ်များသည် အမေရိကန်ဒေါ်လာ နှစ်သောင်းရှစ်ထောင်မှ အများဆုံး အမေရိကန်ဒေါ်လာတစ်သိန်း နှစ်သောင်းအထိ ရှိပြီး    အိမ်စီးကားများအနေဖြင့် အမေရိကန်ဒေါ်လာနှစ်သောင်းမှ  ခုနစ်သောင်း အထိ ရှိသည်။ Isuzu   ကားများကို Isuzu By MSP မှတစ်ဆင့်  တစ်နိုင်ငံလုံး၌  ဝယ်ယူနိုင်ပြီး ရန်ကုန်မြို့    သာကေတစက်မှုဇုန် အနီးရှိ Isuzu  Mortors Showroom ၌  ဝယ်ယူနိုင်မည့်အပြင် မန္တလေးမြို့၌လည်း ဝယ်ယူနိုင်ကြောင်း သိရသည်။

Read 1129 times