လျှပ်စစ်ပစ်ကပ် ထုတ်လုပ်ရန် ဘတ် ၃၂ ဘီလီယံ အီဇူးစူး ရင်းနှီးမြှုပ်နှံမည်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
လာမည့်ငါးနှစ်အတွင်း ထိုင်းနိုင်ငံရှိ ထုတ်လုပ်မှုအခြေစိုက် စက်ရုံတွင် ဘတ် ၃၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ) ရင်းနှီးမြှုပ်နှံရန် အစီအစဉ်ရှိကြောင်း Isuzu Motors က ကြေညာပါသည်။
လျှပ်စစ် ပစ်ကပ်ထရပ်ကားများ ထုတ်လုပ်ရန် အသုံးပြုမည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါသည်။
၂၀၂၅ ခုနှစ်တွင် စတင် ထုတ်လုပ်ရန် စီစဉ်ထားသည်။
လျှပ်စစ်ပစ်ကပ်ထရပ်ကားများတွင် ရင်းနှီးမြှုပ်နှံရန် အီဇူးစူး၏ ဆုံးဖြတ်ချက်သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုကို လျှော့ချရန် ကုမ္ပဏီ၏ ကတိကဝတ်ကို အကောင်အထည်ဖော်ခြင်း ဖြစ်ပါသည်။ ထို့ပြင် အရှေ့တောင်အာရှတွင် ကြီးထွားလာနေသော လျှပ်စစ်မော်တော်ယာဉ် ဈေးကွက်ကိုလည်း ဦးတည်ထားပါသည်။
အီဇူးစူး၏ လျှပ်စစ် ပစ်ကပ်ထရပ်ကားသည် Isuzu D-Max ပစ်ကပ်ကို အခြေခံထားပါသည်။ လီသီယမ်-အိုင်းယွန်း ဘက်ထရီထုပ် အသုံးပြုမည် ဖြစ်ပါသည်။ ခရီးတာ ကီလိုမီတာ ၄၀၀ အထိ ရမည်ဟု ဆိုပါသည်။
အီဇူးစူးသည် လျှပ်စစ်ပစ်ကပ်ထရပ်ကို လုပ်ငန်းသုံးယာဉ်အဖြစ် သုံးစွဲကြသူများကို ရောင်းချရန် ရည်မှန်းထားပါသည်။ ကုန်ပစ္စည်းများ ပို့ဆောင်ခြင်း၊ ခရီးသည်များ ပို့ဆောင်ခြင်းတို့အတွက် စိတ်ချရသော ပစ်ကပ်ဖြစ်မည်ဟု အီဇူးစူးက ပြောကြားပါသည်။
Source thenationthailand
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL