Isuzu က ထိုင်းနိုင်ငံမှ စက်ရုံကို အင်ဒိုနီးရှားသို့ ပြောင်းရွှေ့မည်


Isuzu က ထိုင်းနိုင်ငံမှ စက်ရုံကို အင်ဒိုနီးရှားသို့ ပြောင်းရွှေ့မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Isuzu Motors သည် ထိုင်းနိုင်ငံမှ အရောင်းရဆုံး ပစ်ကပ်ထရပ်ကားထုတ်လုပ်သည့်  စက်ရုံတစ်ခုကို အင်ဒိုနီးရှားသို့ ပြောင်းရွှေ့ကာ လာမည့်နှစ်အစောပိုင်းတွင် စတင်ထုတ်လုပ်နိုင်မည်ဟု အင်ဒိုနီးရှားစက်မှုဝန်ကြီးက ဗုဒ္ဓဟူးနေ့ (ဇွန် ၇)တွင် ပြောကြားသည်။
ဝန်ကြီး Agus Gumiwang Kartasasmita သည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဂျပန်ကားကုမ္ပဏီ၏ အမှုဆောင်အရာရှိများနှင့် အင်္ဂါနေ့က တွေ့ဆုံခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Isuzu Motors Company (Thailand) Ltd သည် ထိုင်းပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံ ၂ ရုံကို လုပ်ကိုင်လျက်ရှိသည်။

လက်ရှိတွင်  Isuzu သည် အင်ဒိုနီးရှားနိုင်ငံ Karawang တွင် စက်ရုံတစ်ခု ရှိထားပြီးပြီ ဖြစ်သည်။

အင်ဒိုနီးရှားသည် Honda၊ Mitsubishi နှင့် Suzuki အပါအဝင် ဂျပန်အမှတ်တံဆိပ်များအတွက် မော်တော်ကားများကို ထုတ်လုပ်လျက်ရှိသည်။

Isuzu သည် ၁၉၆၆ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ စတင်ဝင်ရောက်ခဲ့ပြီး Samut Prakan ရှိ Samrong တွင် စက်ရုံတစ်ရုံနှင့် Chachoengsao Province ရှိ Gateway တွင် စက်ရုံတစ်ရုံ ရ‌ှိသည်။
၎င်းစက်ရု‌ံ နှစ်ရုံ စုစုပေါင်း တစ်နှစ်လျှင် ကားစီးရေ ၃၈၅,၀၀၀ ထုတ်လုပ်သည်။ ဝန်ထမ်းဦးရေ ၆,၀၀၀ ခန့် ရှိသည်။ 

Isuzu ၏ D-Max ပစ်ကပ် လူကြိုက်များသည်။ ထိုင်းပြည်တွင်းဈေးကွက်၏ညတစ်တန် ပစ်ကပ် အတန်းအစားတွင်  အရောင်းရဆုံးပစ်ကပ် ဖြစ်နေခဲ့သည်မှာ ၃ နှစ် ဆက်တိုက်ရှိပြီ ဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ပစ်ကပ်အစီးရေ ၃၉၀,၀၀၀ ရောင်းချခဲ့ပြီး Isuzu က ဈေးကွက်ဝေစု ၄၆% ရရှိထားသည်။ Toyota Hilux က ၃၈% ရရှိထားသည်။
Source Bangkokpost 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 571 times