အီဇူးဇူးက အီးပစ်ကပ် အစီအစဉ် ထုတ်ဖော်ပြောကြား


အီဇူးဇူးက အီးပစ်ကပ် အစီအစဉ် ထုတ်ဖော်ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

အီဇူးဇူးက ဥရောပမှာ ရောင်းချဖို့ အီးပစ်ကပ်များ ထုတ်လုပ်ပြီးသည့်နောက်တွင် အခြားဒေသများသို့လည်း တိုးချဲ့သွားမည်ဟု ပြောကြားသည်။

ဂျပန် မော်တော်ကားကုမ္ပဏီ Isuzu Motors သည် ထိုင်းနိုင်ငံတွင် လျှပ်စစ် ပစ်ကပ်ကားများ ဝယ်လိုအား သိသိသာသာ မြင့်တက်လာသည့်အခါ ထိုင်းနိုင်ငံမှာ အီးပစ်ကပ်များ ထုတ်လုပ်ရန် စက်ရုံတစ်ရုံ ဆောက်လုပ်ရန် စီစဉ်မည်ဖြစ်ကြောင်း Isuzu အမှတ်တံဆိပ်လက်အောက်ရှိ ပြည်တွင်းကား ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်း Tri Petch Isuzu က ပြောသည်။
ဂျပန်နိုင်ငံ ယိုကိုဟားမား အခြေစိုက် ကုမ္ပဏီ အီဇူးဇူးသည် အီးဗီစျေးကွက် အထူးသဖြင့် ၎င်း၏ ပစ်ကပ်အပိုင်းကဏ္ဍ ဆက်လက် ကြီးထွားလာပါက ထိုင်းနိုင်ငံသည် အီဇူးဇူး လျှပ်စစ်ကား ပြည်ပတင်ပို့ရန် ထုတ်လုပ်သည့် အခြေစိုက်စခန်း ဖြစ်လာနိုင်ခြေရှိသည်ဟု ယူဆသည်။

သို့သော်လည်း အီဇူးဇူး အီးပစ်ကပ်များ ဝယ်လိုအားပေါ်တွင် များစွာမူတည်နေသဖြင့် ထိုင်းနိုင်ငံတွင် လျှပ်စစ် ပစ်ကပ်လုပ်ငန်းကို မည်သည့်အချိန်တွင် စတင်လုပ်ဆောင်မည်ကို ကုမ္ပဏီက အတိအကျ မဆုံးဖြတ်နိုင်သေးပါ။ 

"ကျွန်တော်တို့ လျှပ်စစ်ပစ်ကပ် ထုတ်လုပ်ဖို့ လုပ်ဆောင်နေပါတယ်။ လာမယ့် ၂၀၂၅ ခုနှစ်မှာ ဥရောပဈေးကွက်မှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။ ဥရောပက ကျွန်တော်တို့ရဲ့ အီးဗီတွေ ပွဲဦးထွက် ရောင်းချမယ့် ဈေးကွက်ပါ" ဟု Tri Petch Isuzu ၏ ဥက္ကဋ္ဌ Takashi Hata က ပြောကြားသည်။

"ဥရောပမှာ စတင်ရောင်းချပြီးတဲ့နောက်မှာ တခြားဒေသတွေမှာ လျှပ်စစ်ပစ်ကပ်များကို ရောင်းချရန်စီစဉ်ထားပါတယ်" ဟု Mr Hata မှပြောကြားသည်။

ထိုင်းနိုင်ငံတွင် အီးဗီပစ်ကပ်များထက် အင်ဂျင်ပစ်ကပ်များကို လူကြိုက်ပိုများနေဆဲ ဖြစ်သည်။
"ထိုင်းမှာ အိမ်စီးကားအတွက် အီးဗီ ဝယ်လိုအား ကောင်းပေမဲ့ ပစ်ကပ်ကားကျတော့ အီးပစ်ကပ် ဝယ်လိုအား နည်းနေသေးတယ်" ဟု ၎င်းက ပြောကြားသည်။

လျှပ်စစ်ပစ်ကပ်များအပြင် Isuzu သည် အသုံးပြုပြီးသား စွန့်ပစ်သည့် အီးဗီဘက်ထရီ အရေအတွက် တိုးပွားလာမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ထိုင်းနိုင်ငံတွင် ဘက်ထရီ ပြန်လည်အသုံးပြုသည့် စက်ရုံတစ်ခု ရင်းနှီးမြှုပ်နှံရန် စဉ်းစားမည် ဖြစ်သည်။

အီဇူးဇူးသည် ထိုင်းကို ကျောခိုင်းပြီး အင်ဒိုနီးရှားတွင် ထုတ်လုပ်ရေး အခြေစိုက်မည်ဟု သတင်းထွက်ပေါ်နေသည်မှာ မဟုတ်မမှန်ကြောင်း Mr Hata က ပြောကြားသည်။
"ကျွန်တော်တို့ ထိုင်းနိုင်ငံမှ ထွက်ခွာမည်ဆိုတာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံက ကျွန်တော်တို့ရဲ့ ထိုင်းပြည်တွင်းရောင်းချမှုနှင့် ပြည်ပတင်ပို့မှုအတွက် ထုတ်လုပ်မှု အခြေပြုတဲ့ နိုင်ငံအဖြစ်  ကျွန်တော်တို့ ဒီမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာတာ ၆၆ နှစ်ရှိ‌ေနပါပြီ" ဟု Mr Hata က ပြောကြားသည်။

အီဇူးဇူးသည် ၁၉၅၇ ခုနှစ်မှစ၍ ထိုင်းနိုင်ငံတွင် ကားများ စတင်ထုလုပ်ခဲ့ရာ ယခုအခါ အစီးရေ ၆ သန်းအထိ ထုတ်လုပ်ခဲ့ပြီးပြီ ဖြစ်သည်။ လက်ရှိတွင် အလုပ်သမား ၂ သောင်းကျော်ကို အလုပ်ခန့်ထားသည်။

အီဇူးဇူးသည် ထိုင်းပြည်တွင်းမှာ ယမန်နှစ်က အစီးရေ ၁၇၅,၄၂၅ စီး ရောင်းချခဲ့ပြီး ယခုနှစ်တွင် ဇန်နဝါရီလမှ ဩဂုတ်လအထိ ၈၃,၆၅၄ စီး ရောင်းချခဲ့သည်။ သို့ဖြစ်ရာ ယခုနှစ် တစ်နှစ်တာ ရောင်းအားသည် ယမန်နှစ်ထက် လျော့နည်းလိမ့်မည်ဟု ခန့်မှန်းသည်။ 

Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1593 times