ဘက်ထရီ လဲလှယ်သုံးစွဲသည့် အီးဗီ ထရပ်ကား အီဇူးစူး ထုတ်လုပ်မည်


ဘက်ထရီ လဲလှယ်သုံးစွဲသည့် အီးဗီ ထရပ်ကား အီဇူးစူး ထုတ်လုပ်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


အီဇူးစူးသည် ဘက်ထရီ လဲလှယ်ရေးရုံကို ရိုဘော့များဖြင့် အလိုအလျောက် လုပ်ကိုင်ကာ အားကုန်သည့် ဘက်ထရီကို အားအပြည့် ဘက်ထရီဖြင့် ၃ မိနစ်အတွင်း အပြီးအစီး လံလှယ်ပေးမည် ဖြစ်သည်။

လျှပ်စစ်ထရပ်ကားများ သုံးစွဲဖို့ အဟန့်အတား ဖြစ်နေရသည်မှာ ဘက်ထရီ အားသွင်းရန် ကြာမြင့်ခြင်း ဖြစ်သည်။ ထိုပြဿနာကို ဘက်ထရီ လဲလှယ်ခြင်း ဖြင့် ဖြေရှင်းပေးမည် ဖြစ်သည်။
တရုတ်နိုင်ငံမှ ပရီမ‌ီယံအီးဗီ ထုတ်လုပ်သည့် Nio သည်လည်း ဘက်ထရီ လဲလှယ်ခြင်း နည်းလမ်းကို သုံးစွဲလျက် ရှိသည်။


အီဇူးစူး၏ အီးဗီထရပ်သည် Isuzu Elf အပေါ့စား လျှပ်စစ်ထရပ်ကားကို ဘက်ထရီ လဲလှယ်ဖို့ လွယ်ကူမြန်ဆန်အောင် ဒီဇီုင်း ပြောင်းထားခြင်း ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွငိ သရုပ်ပြစမ်းသပ်မှုများ စတင်ရန် ရည်မှန်းထားသည်။

လက်ရှိထုတ်လုပ်ထားသည့် လျှပ်စစ်ထရပ်ကားသည် အားသွင်းချိန် ၁၀ နာရီခန့် ကြာမြင့်သဖြင့် ပစ္စည်း ပို့ဆောင်ရန် သုံးစွဲရန် နေ့တဝက်သာ အချိန်ကျန်သည်။ သို့ဖြစ်ရာ ဒီဇယ်ထရပ်ကားများကဲ့သို့ ထိထိရောက်ရောက် မသုံးနိုင်ချေ။ အလုပ်မတွင်ကျယ်ချေ။ 
Source Asia nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 2441 times