Isuzu က နောက်နှစ်မှာ လျှပ်စစ်ထရပ် စတင်ထုတ်လုပ်မည်


Isuzu က လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးကို နောက်နှစ်မှာ စတင်တော့မှာ ဖြစ်ပြီး ELF EV ထရပ်ကားများ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 

ELF EV မှာ 40 kWh ဘက်ထရီတွေ သုံးစွဲထားပြီး ဝဲနှင့်ယာ တို့မှာ နေရာချပေးထားတယ်။ မြင်း‌ကျောကုန်းမှာ မြင်းကုန်းနှီးတင်တဲ့ သဘောသဘာဝမျိုး ဖြစ်ပြီး အလယ်မှာ လွတ်နေတဲ့အတွက် ကုန်တင်ဖို့နေရာ ပိုရအောင် ဒီဇိုင်းထုတ်ထားတယ်။ အားအပြည့် သွင်းပြီးရင် ကီလိုမီတာ ၁၀၀ ကျော်အထိ သွားနိုင်တယ်လို့ ဆိုပါတယ်။
မော်တာက 150 kw ဖြစ်ပါတယ်။ 
ELF EV ကို အပေါ့စား ထရပ်အဖြစ် ထုတ်လုပ်မှာ ဖြစ်ပါတယ်။
ယာဉ်မောင်း ထိုင်ခုံကို ဆုံလည် လုပ်ပေးထားလို့ အတက်အဆင်း အဆင်ပြေ လွယ်ကူစေပါတယ်။ ဘေးဘက် နောက်ကြည့်မှန်နေရာမှာ မှန်အစား ကင်မရာ တပ်ပေးထားတဲ့အပြင် 3D surround-view camera လည်း တပ်ပေးထားပါတယ်။

မူလ အစီအစဉ်က ယခုနှစ်အတွင်း ထုတ်လုပ်ဖို့ ဖြစ်သော်လည်း နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့တဲ့အတွက် နောက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

Read 3321 times