အစ္စရေးကားဈေးကွက်ထဲ တရုတ်စွမ်းအင်သစ်ကားများ မောင်းဝင်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အစ္စရေးကားဈေးကွက်ထဲ တရုတ်စွမ်းအင်သစ်ကားများ မောင်းဝင်ခဲ့ရာ ကာလတိုအတွင်း ခြေကုပ် ရရှိခဲ့ကြသည်။
အစ္စရေး မော်တော်ယာဉ် တင်သွင်းသူများ အသင်း Israel Vehicle Importers Association မှ ထုတ်ပြန်သည့် နောက်ဆုံး ကိန်းဂဏန်းများ အရ တရုတ်နိုင်ငံသည် ဇန်နဝါရီလတွင် အစ္စရေးသို့ အိမ်စီးကား အများဆုံး တင်ပို့ခဲ့သည့် နိုင်ငံ အဖြစ်သို့ ခုန်တက်သွားသည်။ ဇန်နဝါရီလတွင် အစီးရေ ၇,၇၅၃ ရောင်းချခဲ့ပြီး ၂၀၂၂ ခုနှစ်ဇန်နဝါရီလထက် ၆၈၅ စီး ပိုများခဲ့သည်။
တရုတ်မှ BYD Auto ၏ လျှပ်စစ်ကားမော်ဒယ် Atto 3 သည် ဇန်နဝါရီလတွင် စီးရေ ၃,၀၀၀ နီးပါး ရောင်းချခဲ့သည်။ BYD Auto သည် ၂၀၂၂ ျပာက်တိုဘာလတွင် အစ္စရေးကားဈေးကွက်ထဲ စတင်ရောင်းချခဲ့သည်။ ယခုအခါ Atto 3 သည် အရောင်းရဆုံး အီးဗီအဖြစ်သို့ ရောက်ရှိနေသည်။
တရုတ်မှ Geely Auto Group ၏ လျှပ်စစ်ကားမော်ဒယ် Geometry C သည် အစ္စရေးနိုင်ငံတွင် စီးရေ ၆,၈၁၈ ရောင်းချခဲ့ပြီး စီးရေအများဆုံး ရောင်းချခဲ့သည့် လျှပ်စစ်ကားမော်ဒယ်ဖြစ်သည်။ ၎င်းစံချိန်ကို BYDAtto 3 က ကျော်တက်ဖွယ် ရှိသည်။
တရုတ်လျှပ်စစ်ကားများ အစ္စရေး ဈေးကွက်ထဲ ရောင်းချရာ၌ အခုဝယ် အခုရ ပုံစံဖြင့် ရောင်းချကြသည်။ အခြား ကားကုမ္ပဏီများသည် အမှာစာ မှာကြားထားပြီးသောအခါ ကားရဖို့ လနှင်ချီ ကြာမြင့်စွာ စောင့်ကြရသည်။
Source Xinhua
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U