Portland ကသိပ္ပံပညာရှင်တွေအနေနဲ့ ကျွန်တော်တို့ငယ်ငယ်ကရင်းနှီးခဲ့ရတဲ့ တိုက်ကားလေးတွေမှာသုံးတဲ့ ဒြပ်စင်ကိုသုံးပြီး filler တစ်ခုကိုတီထွင်လိုက်ပြီဖြစ်ပါတယ်။
ဓာတု ဗေဒနည်းအရ thiourethane လို့အမည်ရတဲ့ ဒြပ်စင်ကိုအသုံးပြုထားပြီး အဆိုပါဒြပ်စင်ကိုကျွန်တော်တို့ရဲ့ ကားအလှဆင်ခြင်း တစ်မျိုးဖြစ်တဲ့ coating လုပ်ခြင်းမှာလည်းအသုံးပြုလေ့ရှိပါတယ်။ Filler ကိုအနီးစပ်ဆုံး အဓိပ္ပာယ်ဖွင့်ဆိုမယ်ဆိုရင်တော့ ကြွေအုပ်ခြင်း လို့ဆိုနိုင်ပါတယ်။
ကားရဲ့ဆေးသားပွန်းပဲ့မှာစိုးလို့ အပေါ်ကကြွေတစ်ထပ်အုပ်တဲ့အခါမျိုးမှာ အသုံးများပါတယ်။ ဒီလိုပဲ တိုက်ကား တွေမှာလည်းအသုံးများခဲ့ပါတယ်။ ယခုတီထွင်မိတ်ဆက်ပေးလိုက်တဲ့ ကြွေကတော့အရင်အမျိုးအစားထက် စာရင် ၃၀ ရာခိုင်နှုန်းလောက် ပိုမိုမာကျောပါတယ်။
ဒါ့အပြင် ကြွေ ဆိုသည်ကိုသွားဆရာဝန်များလည်းအသုံးပြုကြပြီး လက်ရှိမိတ်ဆက်မှုကြောင့် သွားအတုစိုက် သူများအတွက်လည်း စိတ်ချမ်းသာစေပြီး သွားဆရာဝန်ထံသွားရမှုအကြိမ်အရေအတွက်ကို လျှော့ချပေးနိုင်မည်ဖြစ်သည်။
အရင်ကအသုံးပြုခဲ့သော ကြွေအမျိုးအစားသည် အများအားဖြင့် ၇ နှစ်မှ ၁၀ နှစ် အထိအသုံးခံတတ်ပြီး ကြိတ်ဝါးခြင်းဖိအားကြောင့် ကွဲအက်တတ်ဟုသိရသည်။
Myanmar Automobile Directory