နိုင်ငံတကာတွင် ကျင့်သုံးနေသော COE စနစ်အကြောင်း


Certificate of Entitlement ( သို့မဟုတ် ) COE ဆိုသည်မှာ ယာဉ်မှတ်ပုံတင်ရန်၊ ပိုင်ဆိုင်မှုပြရန်နှင့် ၁၀ နှစ်တာကာလတစ်ခု ယာဉ်သုံးစွဲရန်အတွက် ဥပဒေရေးအရ အခွင့်အရေးပေးအပ်ထားသော အိတ်ဖွင့်လေလံသတ်မှတ်စျေးနှုန်း အောင်မြင်သော လေလံမှ လက်ခံရရှိသော ခွဲတမ်းလိုင်စင်ဖြစ်ပါသည်။

ထို COE သည် ဝယ်လိုအားမြင့်မားလာသည့်အခါတွင် COE ကုန်ကျစရိတ်သည် ကား၏ ကုန်ကျစရိတ်ကို ကျော်လွန်နိုင်ပါသည်။

Trasportation Unit of Singapore’s Public Works Department (PWD) ဟုခေါ်သော ၁၉၉၀ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။

ထိုအဖွဲ့သည် ပြည်နယ်ဖွံ့ဖြိုးလာသည့်နည်းတူ တိုးပွားလာသော မော်တော်ယာဉ်ပိုင်ဆိုင်မှုကို ထိန်းချုပ်ရန် COE ဟုခေါ်သော မော်တော်ယာဉ်များမှ တစ်ဦးခွဲတမ်းကန့်သတ်ချက်ကို ထုတ်ပြန်ခဲ့ပါသည်။

မြို့ငယ်လေးများတွင် သတ်မှတ်ထားသော ယာဉ်ဝယ်ယူပိုင်ဆိုင်မှုကို ထိန်းချုပ်ထားသော ခွင့်ပြုချက်ဖြစ်သည့် COE သည် ယာဉ်လိုင်းကြောင်း ကျပ်တည်းမှုကို ဖြေဖျောက်နိုင်ပြီး ရေရှည်တည်တံ့သော လမ်းပန်းဆက်သွယ်ရေးအခြေအနေကို ရရှိစေပါသည်။

Electronic Road Pricing ဟုခေါ်သော အခွန်တစ်မျိုးနှင့်အတူ COE စနစ်သည် ရေရှည်တည်တံ့သော မြို့ပြအရည်အသွေးကို ပေးရန် ရည်ရွယ်ထားသော စင်္ကာပူ၏ အသွားအလာကို စီမံခန့်ခွဲမှုနည်းဗျူဟာများအတွက် သော့ချက်တိုင် တစ်ခုဖြစ်ပါသည်။

ယာဉ်တစ်ခုခုကို မဝယ်ယူခင် ဝယ်ယူမည့်သူသည် COE အတွက် ငွေကြေးဆိုင်ရာ လေလံကို LTQ ( Land Transport Authority သို့ ပေးထားရန် လိုအပ်ပါသည်။

COE ဟုခေါ်သော ယာဉ်ခွဲတမ်းစနစ်ဖြင့် အုပ်ချုပ်ခဲ့သည့် မေလမှ စတင်ပြီး တစ်နှစ်တာကာလတွင် ဖြစ်နိုင်ချေများကို ချိန်ညှိရန် အောက်တိုဘာလတွင် ပြန်လည်သုံးသပ်ပြီး နှစ်စဉ်နှစ်တိုင်း ဧပြီလတွင် LTA မှ ကြေညာပေးပါသည်။

ခန့်မှန်းခြေအားဖြင့် တစ်လချင်း လေလံတင် တံဆိပ်ခတ်ရောင်းပြီး လေလံအောင်မြင်သူသည် ကြမ်းခင်းလေလံစျေးကို ချက်ချင်းပေးချေရမည်ဖြစ်ပါသည်။

COE လေလံပြုလုပ်ရာတွင် လတစ်လ၏ ပထမဆုံး တနင်္လာနေ့တွင် စတင်ကြေညာပြီး အနည်းဆုုံး သုံးရက်ခန့်ကြာလေ့ရှိပါသည်။

သို့သော် စျေးပြိုင်ချိန်များသည် အများပြည်သူအားလပ်ရက်များကြောင့် ရက်ကြာသွားတက်ပါသည်။

စျေးပြိုင်ရလဒ်များကို website တစ်ခုအပေါ်တွင်ရှိသော မီဒီယာများမှ တစ်ဆင့် ရယူနိုင်ပါသည်။

ယခင်အချိန်က COE ကို အမျိုးအစား ၈ မျိုးခွဲခြားထားသောလည်း များစွာသော ဖြေရှင်းချက်များပြုလုပ်ပြီးနောက်ပိုင်းတွင် ရိုးရှင်းသော အမျိုအစား ၅ မျိုးကို ခွဲခြားထားလိုက်ပါသည်။

၁၉၉၉ ခုနှစ်တွင် ဖွဲစည်းခဲ့သော အမျိုးအစား ၈ ခု

Category Vehicle Class
Cat 1 Cars 1000 cc & Below
Cat 2 Cars 1001- 1600 cc & Taxis
Cat 3 Cars 1601- 2000 cc
Cat 4 Cars above 2000 cc
Cat 5 Goods Vehicles & Buses
Cat 6 Motorcycles
Cat 7 “Open” (for any kind of vehicle)

ယခုလက်ရှိအသုံးပြုနေသော အမျိုးအစား ၅ ခု

Category Vehicle Class
Cat A Cars 1600 cc & below, and the engine power should not exceed 97 kilowatts (kW)
Cat B Cars 1600 cc & above, or the engine power output exceeds 97 kW
Cat C Goods Vehicles & Buses (including public transport buses)
Cat D Motorcycles
Cat E “Open” (for any kind of vehicle, in 2017 motorcycles are no longer included in Cat E COE)

Source:Wikipedia

automobiledirectory

Read 4212 times