ယာဉ်မောင်းများအတွက် ပိုမိုဘေးကင်းလုံခြုံမှုကို အထောက်အကူပြုပေးနေသော မီးကြီးစနစ်အကြောင်း


ယာဉ်တိုက်မှုများကို လေ့လာဆန်းစစ်သုတေသန ပြုလုပ်ချက်များအရ နေ့အချိန်မှာထက် ညအချိန်တွင် ဖြစ်ပွားသော ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆမှုများက ပိုများနေကြောင်းသိရပါသည်။

ညအချိန်များတွင် ယာဉ်မောင်းနှင်သူများ၏ မြင်နိုင်စွမ်းအား ပိုကောင်းမှ ညပိုင်းတွင် ဖြစ်ပွားနေသော ယာဉ်မတော်တဆမှုများ လျော့ကျသွားနိုင်မည်ဟု မော်တော်ယာဉ်ထုတ်လုပ်ရေး အင်ဂျင်နီယာများကတွေးခေါ်စဉ်းစားလာကြပါသည်။

မော်တော်ယာဉ်များတွင် အသုံးပြုခဲ့သော ကားမီးစနစ်သည် ခေတ်များ ပြောင်းလဲလာသည်နှင့်အမျှ နည်းပညာများလည်း အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခဲ့ပါသည်။

ကားရှေ့မီးကြီး (Headlingt ) အတွက် ဟယ်လိုဂျင် (Halogen) မီးကို ပထမဆုံး အသုံးပြုခဲ့ပါသည်။

ရှေးရိုးဟယ်လိုဂျင်မီးများထက် အဆပေါင်းများစွာ အလင်းပြင်းအားကောင်းသော HID (High Intensity Discharge) မီးကြီးကို ထုတ်လုပ်လာနိုင်ပါသည်။

HID မီးကြီးတွင် ဇီးနွန် (Xenon) ဓာတ်ငွေ့ကိုအသုံးပြုထားခြင်းကြောင့် ဓာတ်ငွေ့ကို အသုံးပြုထားခြင်းကြောင့် ဖြူဖွေးတောက်ပသော အလင်းတန်းကို ထွက်လာစေပါသည်။

HID မီးကြီးများကို လျှပ်စစ်ပါဝါပေးရခြင်းမှာ ရိုးရိုးဟယ်လိုဂျင်မီးများ၏ ပါဝါစားနှုန်းထက် သက်သာပြီး သက်တမ်းလည်းပိုကြာရှည်ခံပါသည်။

HID မီးထိုးလိုက်သည်နှင့် ဖြာထွက်လာသော အလင်းမီးမောင်းကြီး (Beam) သည် နေရာကျယ်ကျယ်ပြန့်ပြန့်ကို လင်းထိန်သွားစေပါသည်။

မြန်မာနိုင်ငံတွင် ကားသွင်းမူဝါဒပြောင်းလဲလာပြီးမှ အလင်းပြင်းအားကောင်းသော HID မီးကြီးသုံးကားများကို တွေ့မြင်လာရပါသည်။

LED (Light Emitting Diode) နည်းပညာများ ခေတ်စားလာသည့်အချိန်တွင် LED Headlight ကားမီးကြီးများ ထွက်ပေါ်လာပြီး ၂၀၀၉-၂၀၁၀ ခုနှစ်တွင် သုံးစွဲမှုတွင်ကျယ်လာခဲ့ပါသည်။

LED မီးများထက် ပိုကောင်းသော မီးမှာ OLED (Organic Light Emitting Diode) ဖြစ်ပြီး LED မီးများထက် ပိုလင်းပြီး ပါဝါစွမ်းအင်သုံးစွဲမှုမှာလည်း အများကြီးသက်သာပါသည်။

LED မီးလုံးများထက် ပိုကောင်းသော လေဆာ (Laser) မီးလုံးများသည် ၂၀၀၉ခုနှစ်တွင် ပေါ်ထွက်လာခဲ့ပါသည်။

ဖြူဖွေးတောက်ပနေသော အလင်းတန်းသည် ကိုက်ခြောက်ရာအတွင်း ရောက်ရှိပြီး ပါဝါစွမ်းအင် အသုံးပြုမှုမှာလည်း ၃၀ ရာခိုင်နှုန်းထက် ပိုပြီးသက်သာသွားပါသည်။

ယနေ့ခေတ်ပေါ်ကားများတွင် နည်းပညာတိုးတက်လာခြင်းကြောင့် ကားမီးကြီးအလင်းပြင်းအား ပိုကောင်းလာပါသည်။

မီးမောင်း (Beam) အလင်းတန်းသည် ရှေ့တစ်မျိုးတည်းကိုသာ ထိုးပြနေခြင်းမဟုတ်တော့ဘဲ မီးအလင်းရောင်တန်းကို အမျိုးမျိုး ကစားပြီး ထိုးနိုင်ပါသည်။

ကားစတီယာရင်ကွင်း ချိုးကွေ့လိုက်သည်နှင့် ကားကွေ့ချင်သည့်ဘက်ကို အလိုက်သင့်ကစားပြီး မီးထိုးပေးနိုင်သည့်စနစ် (Adaptive Front Lighting System) များ ပေါ်ထွက်လာပါသည်။

အလိုက်သင့်ကစားပေးနိုင်သော (Adaptive Front Lighting System) မီးကြီးစနစ်တွင် အဓိကထိန်းချုပ်ပေးသော အရာက Controller Unit  ဖြစ်ပါသည်။

ကားစတီယာရင်ချိုးကွေ့လိုက်သည့် ဒီဂရီနှင့် ကား၏ အမြန်နှုန်းများကို အာရုံခံဆင်ဆာများက Controller Unit ကို သတင်းပို့ပါသည်။

Controller Unit က တွက်ချက်ပြီး Control Motor ကို ကစားစေသောကြောင့် ကားရှေ့မီးကြီးကို ဘယ်၊ ညာ ချိုးကွေ့ပြီး မီးထိုးပေးစေနိုင်ခြင်းဖြစ်ပြီး မီးကြီးများ ဘယ်ဘက်၊ ညာဘက် ကစားပေးနိုင်သောထောင့်ချိုးက ၃၀ ဒီဂရီအထိ ရှိပါသည်။

Self Leveling Light စနစ်သည် ကား Level စောင်းသွားသည်အခြေအနေကို Electric Actuator က စောင့်ကြည့်ပြီး ထိန်းကျောင်းပေးသည့်အတွက် ကားကြီးမီးများကို လမ်းအခြေအနေအရ Levelချိန်ညှိပြီး မီးထိုးပြပေးနိုင်ပါသည်။

အမှောင်ထုကို အာရုံခံပြီး အလိုအလျောက်မီးထွန်းပေးသောစနစ် (Dusk-Sensing Headlight) ကို တန်ဖိုးကြီး ဇိမ်ခံကားများတွင်မှာသာ တပ်ဆင်ထားပါသည်။

တောင်စွန်းနေရာများတွင် အန္တရာယ်ရှင်းမရှင်း မြင်တွေနိုင်စေရန် Cornering Light စနစ်ကလည်း ညအချိန် ကားပါကင်ထိုးသော အခြေအနေမျိုးတွင် အထောက်အကူပြုပေးပါသည်။

Automatic High Beam စနစ်ပါသော ကားများတွင် မျက်နှာချင်းဆိုင်က ကားမီးထိုးသည့်အချိန်တွင် အလိုအလျောက် မီးချပေးနိုင်သော အစွမ်းသတ္တိရှိပါသည်။

မျက်နှာချင်းဆိုင်မှလာသော ကားဆရာကို အနှောင့်အယှက်ပေးနိုင်အောင် အလိုအလျောက်လုပ်ပေးနိုင်ပါသည်။

ယနေ့ခတ်ပေါ်ကုားများတွင် တပ်ဆင်ထားသော ကားမီးများသည် ဒီဇိုင်းလှပရုံသာမက အလင်းပြင်းအားကောင်းပြီး အဝေးကြီးကို မြင်နိုင်စွမ်းတိုးလာစေပါသည်။

မိမိအလင်းပေးလိုသောနေရာကို Sensor များနှင့် အာရုံခံပြီး Spotlihgt ထိုးပေးနိုင်သော စနစ်မျိုးများကိုလည်း အသုံပြုနိုင်ပါသည်။

အသိဉာဏ်တု နည်းပညာသုံး ကားမီးကြီးစနစ် (Intelligent Headlight System) များသည် ယာဉ်မောင်းများအတွက် ပိုမိုဘေးကင်းလုံခြံုမှုကို အထောက်အကူပြုပေးနေသော အဆင့်မြင့်နည်းပညာသုံး မီးကြီးစနစ်ဖြစ်ပါသည်။

 

Read 932 times