ကားအာမခံလျော်ကြေး အကျုံးမဝင်သည့်အချက်များ မြန်မာနိုင်ငံအာမခံအသင်းမှ ထုတ်ပြန်


ကားအာမခံလျော်ကြေး အကျုံးမဝင်သည့်အချက်များ မြန်မာနိုင်ငံအာမခံအသင်းမှ ထုတ်ပြန်

 

အထွေထွေအာမခံကုမ္ပဏီများအနေဖြင့် လက်ရှိရောင်းချနေသည့် “အလုံးစုံမော်တော်ယာဉ်အာမခံ” ၏ ပေါ်လီစီတွင် ပြဌာန်းထားသည့် စည်းမျဉ်းစည်းကမ်းများ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များအရ အာမခံကုမ္ပဏီများကြားတွင် ရှင်းလင်းပြတ်သားမှု ရှိစေရန် နှင့် အာမခံပေါ်လီစီပါ စည်းမျဉ်းစည်းကမ်းများအတိုင်း လျော်ကြေးကိစ္စများကို ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်နိုင်ရန်အတွက် (၂၄/၈/၂၀၂၂) ရက်နေ့တွင်ပြုလုပ်သည့် MIA General Insurance Committee Meeting ၏ ညှိနှိုင်းဆွေးနွေးချက်များကို မြန်မာနိုင်ငံအာမခံအသင်း Myanmar Insurance Association (MA)မှ အသိပေးကြေညာခဲ့ပါသည်။

 

(၁) သက်တမ်းလွန်လိုင်စင်ဖြင့်မောင်းနှင်ခြင်း

(၂) လိုင်စင်မရှိဘဲမောင်းနှင်ခြင်း

(၃) အရက်သေစာသောက်စားမူးယစ် ပြီး မောင်းနှင်ခြင်း

(၄) တရားဝင် အမြန်နှုန်း ကန့်သတ်ချက်ထက် ကျော်လွန်၍ မောင်းနှင်ခြင်း

(၅)သက်တမ်းကုန်ဆုံးနေသော Vehicle Registration Card သို့မ ဟုတ် သတ်မှတ်ထားသော License အမျိုးအစားဖြင့် မဟုတ်ဘဲ မောင်းနှင်ခြင်း

(၆) မီးနီကိုဖြတ်မောင်းခြင်း

(၇) လမ်းပြောင်းပြန်မောင်းနှင်ခြင်း

အစရှိသည့် တည်ဆဲမော်တော်ယာဉ်ဥပဒေကို ဖောက်ဖျက်ကျူးလွန်ခြင်းများကြောင့် ဖြစ်ပွားသော ယာဉ်ထိခိုက်မှုများသည် လျော်ကြေးကိစ္စများအတွက် အကျုံးမဝင်ပါ။ သို့သော် အာမခံ ကုမ္ပဏီများအနေဖြင့် ခိုင်လုံသော သက်သေအထောက်အထားရှိရမည်။

 

သူတစ်ပါးယာဉ်ကို အာမခံထားသည့်ယာဉ်က တိုက်မိသည့် ဖြစ်စဉ်တွင် သူတစ်ပါးယာဉ်၏ ပယောဂမပါလျှင် Innocent Third Party အဖြစ်သတ်မှတ်ပြီး လျော်ကြေး ပေးရန် အကျုံးဝင်ပါသည်။ သို့သော်  မော်တော်ယာဉ်ကနဦးမှတ်ပုံတင်ထားခြင်း မရှိသော မော်တော်ယာဉ် (Without Car)များကို လျော်ကြေးပေးရန် အကျုံးမဝင်ပါ။


ယခင်က မော်တော်ယာဉ်ရပ်နားထားစဉ် တိရစ္ဆာန်၏ ပြုလုပ်မှု (ကြွက်ကိုက်ခြင်း၊ ခွေးကိုက်ခြင်း၊ ကြောင်ကုတ်ခြင်း) ကြောင့် ဖြစ်ပွားသည့် မတော်တဆမှု ထိခိုက်ပျက်စီးခြင်းများကို အာမခံလျော်ကြေးပေးခဲ့သော်လည်း ယခုစည်းမျဉ်းတွင် အကျုံးမ၀င်တော့ပေ။

သို့သော် တိရစ္ဆာန်ပြုလုပ်မှုကြောင့် ပစ္စည်းထိခိုက် ဆုံးရှုံးမှုသည် တစ်ဦးတစ်ယောက်က မသမာဖျက်ဆီးခြင်း/ အကျိုးဖျက်ဆီးခြင်း အကြံဖြင့် လုပ်ဆောင်ချက် ပါ/မပါကို အရင်စိစစ်ရပါမည်။

 

မသမာဖျက်ဆီးခြင်း (Malicious Act)၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ လူပုဂ္ဂိုလ် တစ်ဦးဦးမှ တိရိစ္ဆန်အားအသုံးပြု၍ သူတစ်ပါး အကျိုးအားပျက်စီးစေရန် ပြုမူ ဆောင်ရွက်ခြင်း ဖြစ်နေပါက လျော်ကြေးပေးရန် အကျုံးဝင်ပါသည်။ ယာဉ်မောင်းနှင်နေစဉ် တိရစ္ဆာန်များကို တိုက်မိခြင်းကြောင့် အာမခံထားသည့်ယာဉ် ထိခိုက်ပျက်စီးလျှင် Acciderital Damage/ Collision Damage ကြောင့် လျော်ကြေးပေးရန် အကျုံးဝင်မည် ဖြစ်ပါသည်။

 

War Risk စစ်ဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ လက်ရှိမြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော အခြေအနေ အရပ်ရပ်တို့ ကြောင့် အာမခံ ထားသည့် ယာဉ်သည် သေနတ် ကျည်ဆံ၊ ဗုံးဆံ၊ မိုင်းစ စသဖြင့် စစ်လက်နက်ပစ္စည်းတို့ကြောင့် ထိခိုက်ပျက်စီးရာ၌ အကြမ်းဖက်လုပ်ရပ် (Terrorism Act) ဖြင့် ထိခိုက်ပျက်စီးမှုများသည် လျော်ကြေး အကျုံးမဝင်ပါ။

 

အထွေထွေ အာမခံကုမ္ပဏီများအနေဖြင့် လက်ရှိရောင်းချနေသည့် အလုံးစုံ မော်တော်ယာဉ်အာမခံ ပေါ်လစီတွင် သတ်မှတ်ချက်များနှင်အညီ လျော်ကြေးကိစ္စကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံ အာမခံအသင်း (MIA)က အသိပေးထားပါသည်။

 

Source MIA

#MyanmarAutomobileGuide

To join Telegram Channel  https://t.me/Guid4U

MAG 

Read 741 times